part_15

4.7K 84 1
                                    

''ကဲ...ရေထဲဆင်းမယ်...ဘယ်သူလိုက်ကြမလဲဟေ့...''

သံသာ၊ပူတူး၊သဲစုက ဂျင်းဘောင်းဘီအတို တီရှပ်ခါးတိုနှင့် ရေထဲဆင်းရန် တာဆူ‌နေကြပေမယ့် ရိုးကတော့ ရေထဲဆင်းဖို့ကို စိတ်မ၀င်စားပါ။

''နင်တို့သွားကြပါ...ရိုးကရေကြောက်တတ်တာ...သိရဲ့သားနဲ့...သဲစုတို့ရေကစားတာကို...ဒီနေရာကနေလှမ်းကြည့်နေမယ်...သွားကစားကြသွား...တော်ကြာနေမြင့်လာတော့...ရေကစားရတာမ၀ဖြစ်လာလိမ့်မယ်...''

''နင်တစ်ယောက်ထဲဖြစ်ပါ့မလား...''

''အမလေးကွယ်...ကမ်းခြေမှာဒီလောက်...လူအများကြီးကို...ဘာတွေလာစိတ်ပူနေကြတာလဲ...ရှင်တို့ဘာသာ...ရေကစားမှာကိုဖြောင့်ဖြောင့်ကစား...ရိုးအတွက်ပူမနေနဲ့...''

အုန်းလက်‌တဲလေးရဲ့ အရိပ်အောက်မှာ ထိုင်ရင်း သူမအတွက်စိတ်ပူပေးနေကြသည့် သူငယ်ချင်းသုံးယောက်ကို ပြောလိုက်သည်။

''တကယ်ရတယ်နော်ရိုး...ဒါဆိုငါတို့သွားတော့မယ်...''

''သွားကြ...ရိုးက..ကလေးလဲမဟုတ်တော့ဘူး...ကိုယ့်ကိုယ်ကိုကာကွယ်စောင့်ရှောက်နိုင်တယ်...''

ကိုယ့်ကိုစိတ်မချဖြစ်နေကြတဲ့ သူငယ်ချင်းများရဲ့မေတ္တာကြောင့် သူမရင်ထဲနွေးထွေးသွားရသည်အထိ ကြည်နူးမိပါသည်။

တစ်ယောက်ထဲ တွေးရင်း ငေးရင်းနှင့် စားပွဲပေါ်တင်ထားသည့် အုန်းရည်ကိုသောက်မလို့ လက်လှမ်းလိုက်မိစဉ်

''အ့''

ရုတ်တရက်သူမခြေထောက်လေးကို ဖိနင်းခံလိုက်ရတာမို့ နာကျင်သွားရကာ ကြည်နူးနေသည့်စိတ်လေးတောင် ဘယ်ရောက်သွားသလဲမသိတော့။

''ဆောရီးပါဗျာ...ကျွန်တော်လေ...ဖုန်းပြောရင်းနဲ့လာတော့...ဒီနေရာမှာလူထိုင်နေတာကို...မမြင်မိလိုက်လို့ပါ....တောင်းပန်ပါတယ်နော်...''

''ဘာရှင့်''

ဒီလောက်လူမြင်ကွင်း ပြူးတူးပြဲတဲကြီးမှာ ထိုင်နေတာကို မမြင်ဘူးဆိုတော့ ဒင်းကမျက်စိကန်းနေလို့လား။

ခြေထောက်ကနာသွားတာမို့ စိတ်တိုသွားရကာ ထိုလူတောင်းပန်နေတာကိုပင် မကျေအေးပေးနိုင်တဲ့အထိ ဒေါသကထွက်သွားရသည်။

မောင့်အမုန်းဒဏ်Where stories live. Discover now