''သမီးရေ...မနက်စာအဆင့်ပြင်ပြီးပြီနော်...''
နက်မှောင်သန်စွမ်းသည့် ဆံနွယ်ရှည်ကြီးများကို ကျစ်ဆံမြီးကျစ်နေရာမှ ရိုးမေမေ့အော်သံကြောင့်
''ခဏမေမေ...သမီးဆံပင်ကျစ်နေလို့...''
''ဖြည်းဖြည်းလုပ်နော်သမီး...ဒီနေ့သမီးအဖေကအလုပ်မသွားဘူးရယ်...''
''ဟုတ်မေမေ...''
သူမတို့အိမ်မှာ မိသားစု၀င်သုံးယောက်ပဲရှိကာ ရိုးနှင့်ဖေဖေက စနေ ၊တနင်္ဂနွေမှသာ အိမ်မှာရှိကြတာဖြစ်သည်။
ဖေဖေက ဆောက်လုပ်ရေးကုမ္မဏီတွေများစွာကို ပိုင်ဆိုင်ထားတာမို့ အားလပ်ချိန်ဆိုတာ သိပ်ရှိလှသည်မဟုတ်။
စနေ၊တနင်္ဂနွေတောင်မှ မေမေကအတင်းနားရက်ယူခိုင်းလို့ မိန်းမစကားကိုနားထောင်ပြီး အိမ်မှာကပ်ခြင်းဖြစ်သည်။
အချို့သူငယ်ချင်းမိတ်ဆွေတွေဆိုဖေဖေ့ကို ''ကိုအောင်မြင်က နာမည်အတိုင်းပဲ ဘာလုပ်လုပ်အောင်မြင်နေတော့ကျုပ်တို့ကအားကျနေရတာဗျို့''လို့ပြောသံတွေ မကြာခဏကြားရသည်အထိ ဘာလုပ်လုပ်အောင်မြင်သည်။
''ကိုအောင်မြင်ရေ...မနက်စာစားလို့ရပြီနော်...''
တွေးနေဆဲမှာပဲ ဖေဖေ့ကိုနှိုးနေသည့် မေမေ့အသံကြောင့် သဘောကျစွာပြုံးလိုက်မိသည်။မေမေဟာ အနေအေးသလောက် ဖေဖေ့အပေါ်မှာတော့ တုန်နေအောင်ချစ်ပါသည်။
''လာပါပြီမိန်းမရဲ့...ကိုယ်အစောကြီးကထဲကနိုးနေတာ...မင်းကမနှိုးသေးလို့...မင်းအသံကိုစောင့်နေတာ...''
''ပေါက်ကရတွေတော်တော်ပြောနေတာသိလား...ကျမအစောလေးကမှ...အခန်းထဲ၀င်ပြီး...အိပ်ယာတွေသိမ်းမလို့လာသေးတယ်...ရှင်အိပ်လိုက်တာမှသိုးလို့...''
''ကိုယ်အိပ်ချင်ယောင်ဆောင်နေတာပါ...မိန်းမရဲ့...''
''မနက်စောစောစီးစီး...မုသာဝါဒတွေကျူးလွန်နေတာ...ရှင်မရှက်ဘူးလား...ကိုအောင်မြင်...''
သူမနိုးထလာရသည့် မနက်ခင်းတိုင်းမှာ ဖေဖေနဲ့မေမေရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်စနောက်နေသည့်မြင်ကွင်းကို တွေ့မြင်ရသည်မှာလဲ တစ်နေ့တာအတွက်ပျော်ရွှင်ကြည်နူးမှုတစ်မျိုးပင်ဖြစ်သည်။
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။