ရိုးကရှေ့ကနေ ဟိုသည့်ဒီကြည့်နဲ့ ဈာန်၀င်နေပြီး ပတ်၀န်းကျင်ကို သတိမထားမိသလောက် နောက်ကနေအသာလေးပါလာသည့် မြင့်မိုရ်ကတော့ အူတွေတိုနေရသလိုအားလုံးသောယောက်ျားကြီးငယ်တွေ၏ အကြည့်ကရိုးထံရောက်နေပြီး အနောက်ကနေပါရစ်သီရစ်သီလုပ်နေတာမို့ စိတ်ကိုမနည်းဆွဲဆန့်ထားရ၏။
''အယ်...အာတာပူစီပါလား...''
ရိုးတို့အညာဒေသအခေါ်ကတော့ အာတာပူစီဖြစ်ေပမယ့် အခြားမြို့တွေကတော့ ငှက်သိုက်မုန့်ဟုခေါ်ကြသည့် ကုလားကြီးတစ်ဦးရောင်းနေသည့်အာတာပူစီကို ၀ယ်ရန်ရပ်လိုက်ကာ
''ဦးလေး...အာတာပူစီတစ်ခု...ဘယ်လောက်လဲဟင်...''
''တစ်ထောင်တန်ရှိတယ်...ထောင့်ငါးရာတန်ရှိတယ်...ဘယ်ဟာယူမလဲကလေးမ ...''
''တစ်ထောင်တန်ဘဲယူလိုက်ပါ့မယ်...''
''ရော့''
ကမ်းပေးလာသည့် အာတာပူစီကို ကြည့်ရင်း ရိုးတွေးလိုက်မိသည်။အခုတစ်ထောင်တန်ဆိုသည့် အာတာပူစီဟာ အရင်ကဆိုရှစ်ရာလောက်ပဲရှိသည်။
ခုတော့ အချိန်တွေခေတ်တွေပြောင်းလဲလာတာနှင့်အမျှ ကုန်ဈေးနှုန်းတွေကပါ တက်လာသည်က ကြောက်စရာကောင်းလွန်းလှသည်။
''အ့''
''ဟာ''
လူတစ်ယောက်က ရိုးကိုနောက်ကနေပစ်၀င်တိုက်လိုက်တာမို့ လူကယိုင်သွားစဉ်
''ရိုး''
အချိန်မှီဖမ်းထိန်းထားလိုက်သည့် သူ့ကြောင့်သာ ရိုးမှောက်လျက်မလဲခြင်းဖြစ်၏။
''ဟေ့ကောင်...မင်းဘာလုပ်တာလဲ...''
ခပ်တည်တည်နှင့် ရိုးကို၀င်တိုက်ပြီး ထွက်ပြေးမလိုလုပ်နေသော သကောင့်သားပုခုံးကအင်္ကျီစကိုလှမ်းဆွဲပြီး မေးလိုက်မိကာ
''ဟမ်...မင်းကဘာကိစ္စငါ့မိန်းမကို...၀င်တိုက်ရတာလဲ...ကဲကွာ...ခွပ်...ခွပ်...''
''မြင့်မိုရ်တော်တော့...ဟိုမှာသွေးထွက်ကုန်ပြီ...လွှတ်လိုက်တော့...''
အပေါ်စီးကနေခွထိုးနေသော မြင့်မိုရ်ကြောင့် ရိုးရင်ထဲစိုးရိမ်သွားရသည်။
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။