part_3

6.4K 123 14
                                    

'တီ...တီ...''

''ခြံရှေ့မှာဧည့်သည်....ရောက်နေတယ်ထင်တယ်သမီးပဲ...သွားဖွင့်လိုက်မယ်ဒေါ်ကြီး''

''အေးကွယ်''

မနက်အစောကြီး ရိုးနဲ့ဒေါ်သန်းစိုးခြံထဲက ပန်းတွေခူးကာ ဘုရားကပ်ရန်ပြင်ဆင်နေရာမှ ခြံရှေ့မှ ကားဟွန်းသံကြောင့် ဒေါ်သန်းစိုးကိုထားခဲ့ပြီး ရိုးထွက်လာခဲ့သည်။

သူမတံခါးမှာချိတ်ထားတဲ့ သော့တွဲကိုဖြုတ်ယူပြီး ခြံထဲဆင်းလာစဉ် မနက်အစောကြီး မောင်များပြန်လာတာလားဟု တွေးလိုက်မိသည်။

သို့သော် သူမ၏ခြေလှမ်းများက ခြံ၀သို့မရောက်မှီ ပြိုင်ကားအနီရဲရဲကိုလှမ်းမြင်လိုက်ရသည်။

''အဟွန်း...ဘာတွေလုပ်နေလို့အဲ့လောက်ကြာနေရတာလဲ...ဒေါ်ပန်းနွယ်ရိုး...''

''မင်းငါ့နာမည်ကို...ခေါ်စရာမလိုဘူးပန်းနု...အခုအိမ်ကိုဘာလာလုပ်တာလဲ...မင်းနဲ့ငါက...ရင်းရင်းနှီးနှီးအိမ်ထိလာလည်ရလောက်တဲ့...ဆက်ဆံရေးမဟုတ်ဘူးထင်တယ်...''

ပန်းနုမျက်နှာကို မြင်လိုက်သည်နှင့် ရိုး၏မျက်နှာလှလှလေးက အလိုလိုတင်းထားမိသားဖြစ်သွားကာ စကားလုံးတွေကအစပြတ်သားနေသည်။

ဤမိန်းကလေးကို ချိုသာယဉ်ကျေးစွာ‌ေပြာနေလို့ သူမအတွက် ကောင်းခြင်းတွေဖြစ်လာစေမည်မဟုတ်တာကို သူမတစ်ခါခံရပြီးကထဲက ရင်ထဲမှာစွဲနေအောင် သံမှိုရိုက်ထားရ၏။

ပန်းနုသည်လဲ ရှေ့မှာရပ်နေသည့် ပန်းနွယ်ရိုးဆိုသည့်မိန်းမ၏ မဟာဆန်သောအလှတရားများကို ကြည့်ရင်း ရင်ထဲ၀န်တိုစိတ်ကကြီးလာရသည်။

သူမနှင့် ပန်းနွယ်ရိုးနှစ်ယောက်ယှဉ်လျှင် အစစအရာရာမှာ ပန်းနွယ်ရိုးကသာ အနိုင်ရမည်ဖြစ်သည်။

အလှ...ပညာ...အဆင့်အတန်း...အရပ်အမောင်းစသည့်အရာတွေမှာ သူမပန်းနွယ်ရိုးထက်သာသည့်နေရာ တစ်ခုမှမရှိ။

အရာရာမှာနိမ့်ကျနေရသည်။ထိုမနာလိုစိတ်တွေကြောင့်ပဲ ပန်းနွယ်ရိုးလက်ထဲက ကိုကို့ကို သူမလုယူခဲ့ခြင်းဖြစ်၏။

''အိုး...ရင့်လှချည်လား...တံခါးဖွင့်ပေးပါ...ကျမ၀င်ကြည့်ချင်လို့...အထဲမှာကိုကိုရှိတယ်မို့လား...မနက်ကကျမဆီကအစောကြီးထသွားပြီး....ရှင့်ဆီရောက်လာသလား...ကျမ၀င်ကြည့်မှရမယ်...ခုဖွင့်ပေး...အချိန်မရှိဘူး...ဒီအကြောင်းတွေကို...ကိုကို့ဆီပြန်တိုင်လိုက်ရင်...ရှင်ဘာဖြစ်သွားမလဲ....''

မောင့်အမုန်းဒဏ်Where stories live. Discover now