part_28🌷

5.5K 58 5
                                    

''မောင်...ယူရမယ့်ပစ္စည်းတွေအကုန်...နင်စစ်ကြည့်ထားလိုက်...ရိုးဆရာ၀န်ဆီသွားလိုက်ဦးမယ်...''

''စိတ်ချ...ဒီကိစ္စတွေအကုန်...မောင်နဲ့သာလွှဲထားခဲ့လိုက်...''

သူ့ရင်ဘတ်သူပုတ်၍ ဂုဏ်ယူ၀င့်ကြွားစွာပြောနေသည်ကြောင့်ရိုးအမြင်ကတ်စွာ သူ့လက်မောင်းကိုပိတ်ရိုက်လိုက်သည်။

''ဖြောင်း...''

''အား....''

''ဟဲ့သမီး...ဖြေးဖြေးလုပ်ပါ...''

''သူကမျက်နှာရူးနေတာကိုး...ဒါနဲ့ပဲတန်တယ်....''

မျက်စောင်းလေးထိုးကာ ချစ်စဖွယ်အမူအယာလေးနှင့်ပြောနေသည့်ရိုးကြောင့် သူ့မှာအသဲယားလွန်းလို့ ဆွဲဖက်နမ်းချင်စိတ်တွေပေါက်လာရသည်။

''ဖေကြီးက...ဘယ်သွားတာလဲ...ဆေးရုံကဆင်းရတော့မှာပါဆို...''

''လာပါပြီဗျာ...''

ဖုန်းကိုလက်ထဲကိုင်၍ ဦးအောင်မြင်ကပြောလာတာမို့ ဒေါ်မာလာမျက်စောင်းထိုးလိုက်မိသည်။

''ရှင့်မှာလဲနော်...မိန်းမတစ်ယောက်လုံး...ဆေးရုံတက်နေရတာတောင်မှ...အလုပ်ကလုပ်နိုင်သေးတယ်...ပြောကိုမပြောချင်ဘူး...''

''မိန်းမကလဲကွာ...ကိုယ်အလုပ်မလုပ်ရင်...ဘယ်က၀င်ငွေနဲ့စားကြမှာလဲ...ပြော...''

''ဘာမှပလီပလာလာပြောမနေနဲ့...ရှင်တစ်နေ့လောက်လေး...အလုပ်မလုပ်ရတာနဲ့ကျမတို့က...ဆင်းရဲမွဲတေသွားမှာမို့လို့လား...''

''မဟုတ်ပါဘူးကွာ...မိန်းမကလဲကိုယ်ရှင်းပြမယ်...ခုဟာက....''

''ဘာမှလာမပြောနဲ့...''

နှုတ်ခမ်းစူကာတစ်ဖက်သို့လှည့်သွားသည့် ယောက္ခမဖြစ်သူကြောင့် သူအသာလေးပြုံးလိုက်မိသလို အပိုလူမဖြစ်ချင်တာကြောင့် အခန်းထဲကနေထွက်ပြီး ရိုးနောက်ခိုက်လာခဲ့သည်။

''ဟုတ်ကဲ့ဆရာမ...ဒါဆိုကျမတို့ခုပေးထားတဲ့...ဆေးတွေကိုပဲပုံမှန်တိုက်ရမှာပေါ့နော်...ဟုတ်လား...''

''ဟုတ်ပါတယ်ရှင်...''

ကောင်တာကဆေးပေးသည့်ဆရာမလေးနှင့် အမေးအဖြေလုပ်နေသည့် ရိုးရဲ့ဘေးတိုက်မျက်နှာလေးကို တစိမ့်စိမ့်နဲ့ငေးကြည့်နေမိသည်။

မောင့်အမုန်းဒဏ်Unde poveștirile trăiesc. Descoperă acum