လွန်ခဲ့သောအတိတ်ဆီသို့အလည်သွားခြင်း~
''သမီးရေ...ဒီနေ့ကျောင်းကို...ကားယူသွားမလား...လိုက်ပို့ပေးရမလား....''
မနက်စာကော်ဖီနှင့်မုန့်စားနေစဉ် မေမေဒေါ်မာလာ၏အမေးကြောင့် ရိုး ပါးစပ်ထဲသို့ မုန့်ေတွအကုန်သွပ်လိုက်ရင်းမှ ခေါင်းရမ်းပြလိုက်သည်။
''မယူတော့ဘူးမေမေ...သမီးကိုအိမ်ကပဲလိုက်ပို့ပေးလိုက်တော့...''
''အေးပါကွယ် ...ခုမှအစောကြီးရှိသေးတာမို့လား...ဖြည်းဖြည်းစားပါနင်နေဦးမယ်....ဒါဆိုအမေမောင်ထူးကိုသွားရှာပြီး...အဆင်သင့်ဖြစ်အောင်ကားထုတ်ထားခိုင်းလိုက်မယ်နော်...''
''ဟုတ်မေမေ...''
ဒေါ်မာလာထွက်သွားသည်နှင့်ရိုး ကော်ဖီနှင့်မုန့်စားခြင်းကိုလက်စသတ်ကာ အခန်းထဲပြန်၀င်ပြီး အ၀တ်အစားလဲလိုက်သည်။
''ဦးထူးရေ..သွားမယ်လေ...''
''အေး...ကားအဆင်သင့်ဖြစ်ပြီသမီး''
''ဟုတ်...''
ကားနောက်ခန်းထဲမှာထိုင်ရင်း ရိုးလွယ်အိတ်ထဲမှ ဖုန်းကိုထုတ်ကာ သူငယ်ချင်းတွေဆီစာပို့လိုက်သည်။
''ကျွီ''
''အား''
''ဦးလေးကားက...ဘာဖြစ်တာလဲဟင်...''
ရုတ်တရက်ကြီးကားကို ထိုးရပ်လိုက်တာမို့ ရိုးရင်ထဲထိတ်သွားကာ မေးလိုက်ခြင်းဖြစ်သည်။
''လူကိုတိုက်မိတယ်ထင်တယ်သမီး''
''ရှင်''
ရိုးအမေးကိုပြန်ဖြေလိုက်သည့် ဦးထူး၏မျက်နှာက သွေးဆုတ်ဖြူလျော်နေရ၏။
သူကားမောင်းလာသည့်နှစ်သုံးဆယ် သက်တမ်းတစ်လျှောက်မှာ လူတစ်ယောက်ကိုကားနှင့်တိုက်မိသည်မှာ ဒါပထမဆုံးပင်မဟုတ်လား။
''ရိုးပဲဆင်းကြည့်လိုက်မယ်...ဦးထူး...''
ကားနောက်ခန်းတံခါးကို အသာဖွင့်ပြီး ရိုးအောက်သို့ဆင်းလိုက်သည်။ပြီးမှကားရှေ့သို့လျှောက်သွားလိုက်တော့အမှန်တကယ်ပင် လူငယ်တစ်ယောက် ကားရှေ့မှာလဲကျနေသည်ကိုတွေ့လိုက်ရ၏။
![](https://img.wattpad.com/cover/346067028-288-k692243.jpg)
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။