part_13🌷🌷🌷

4.6K 106 5
                                    

''ရိုး...''

ကိုက်ခဲနေသော ခေါင်းကို အသာဖိ၍ နံဘေးမှအိပ်ယာကို စမ်းလိုက်မိတော့ အေးစက်နေတာမို့ မျက်ခုံးတန်းတို့ တွန့်ချိုးသွားရသည်။

''ဘယ်ရောက်သွားတာလဲ...''

တစ်ယောက်ထဲမေးပြီး ရိုးကိုရှာရန် ထွက်လာခဲ့စဉ် တစ်လက်စထဲ ညကကိစ္စကိုပါ တောင်းပန်ရန်တွေးလိုက်မိသည်။

''ရိုး...မင်းဘယ်မှာလဲ...''

အိမ်ပေါ်ရော အိမ်အောက်ရော နေရာအနှံ့ရှာနေပေမယ့် ရိုးကိုရော ဒေါ်သန်းစိုးကိုပါ မတွေ့ရတာမို့ ရင်ထဲပူထူသွားရသည်။

မဟုတ်မှလွဲ‌ရော ရိုးသူ့ဆီကနေများထွက်ပြေးသွားလေပြီလား။ဟင့်အင်း အဲ့လိုဖြစ်မှာမဟုတ်ဘူး။ရိုးကသူ့ကိုသိပ်ချစ်တာလေသူနာကျင်ခံစားရမယ့်အလုပ်မျိုးကို ရိုးကလုပ်နိုင်ပါ့မလား။မင်းတော့ရူးနေပြီပဲ တိမ်မြင့်မိုရ်။

တစ်ယောက်ထဲ ရိုးထွက်သွားမှာကို စိတ်ပူလိုက် ဖြေသိမ့်တွေးလိုက်နှင့် သူ့ပုံစံက တကယ်ပဲ အရူးတစ်ယောက်နှင့်တူနေလေ၏

''ကလင်...ကလင်...''

ရုတ်တရက်ကြီး မြည်လာသည့်ဖုန်းသံကြောင့် ကပျာကယာကောက်လိုက်မိသည်။

''ဟယ်လို...ရိုးလား...မင်းဘယ်မှာလဲ...''

''ကိုကို...စိတ်ထိန်းပါဦး....ခုဖုန်းဆက်နေတာပန်းနုပါ....ကိုကိုဘာလို့ညက...ပြန်မလာတာလဲလှမ်းမေးတာ...ခုတော့အဖြေသိသွားပြီ...ကိုကိုအခုပန်းနုဆီ...အမြန်လာခဲ့....''

အစကတော့ ရိုးဆက်တာထင်၍ ကိုင်လိုက်မိသော်လည်း ပန်းနုဖြစ်နေတာမို့ မျက်နှာက ရှုံ့မဲ့သွားရသည်။

''ငါမအားသေးဘူး...ပန်းနု...အလုပ်သွားရမှာ...''

ခပ်မာမာပြောလိုက်တဲ့ ကိုကိုရဲ့လေသံကြောင့် ပန်းနုမျက်နှာမဲ့ကျသွားရသည်။မရဘူးကိုကို ပန်းနုစကားပဲ နားထောင်ရမယ်။

''ခုမလာရင်...ပန်းနုအဆိုးမဆိုနဲ့ကိုကို...''

ဖုန်းကိုဂွပ်ခနဲမြည်အောင်ချလိုက်ပြီး မျက်နှာကိုမိတ်ကပ်အနည်းငယ်ဖို့ကာ ဆရာမကြီးထံထွက်လာခဲ့သည်။

မောင့်အမုန်းဒဏ်Where stories live. Discover now