အပိုင်း_၂၀
ညတွင်းချင်း ရရာကားနဲ့ မောင်ရှိရာသို့ အပြေးလာခဲ့ရသလို ရောက်ရောက်ချင်း အ၀တ်အိတ်ကိုဆွဲ၍ မောင့်ကိုထားသည့်အခန်းသို့ ပြေးရပြန်၏။
''ဆရာမ...အခန်းနံပါတ်ငါးဆယ်က...ဘယ်နားမှာလဲမသိဘူးရှင့်...''
''ဒီကနေတန်းတန်းသွားပြီး...ညာဘက်ကွေ့လိုက်ရင်တွေ့တဲ့...ပထမဆုံးခန်းပါနော်...''
''ကျေးဇူးပါရှင်''
အရေးကြီးပါသည်ဆိုမှ အခန်းနံပါတ်ကိုရှာမတွေ့တာကြောင့် အနားကနေဖြတ်သွားသည့် သူနာပြုဆရာမလေးကို လှမ်းမေးရသေးသည်။
''ဘုရား...ဘုရား...မောင်ဘာမှမဖြစ်ပါစေနဲ့...''
စိတ်ထဲမှာ မောင့်ကိုစိုးရိမ်နေတာကလွဲပြီး ကျန်သည့်အကြောင်းတွေလဲ မတွေးနိုင်သေးပါ။
''ကျွီ''
''ဟင်''
''ရိုး''
ကုတင်ပေါ်မှာ လှဲအိပ်နေသည့်မောင်က ရိုးကိုမြင်တော့ ကပျာကယာထလာသလို ရိုးကိုယ်တိုင်လဲ မောင့်ကိုသာ ကြောင်ပြီးကြည့်နေမိသည်။
အတန်ကြာမှသတိ၀င်လာပြီး မျက်နှာလေးကတင်းမာသွားရကာ
''ပြောတော့...ရောဂါကအခြေအနေတော်တော်ဆိုးလို့...ခွဲစိတ်ခန်း၀င်ရမှာဆို...ရိုးကိုလိမ်တာလား...မြင့်မိုရ်...''
''မဟုတ်ပါဘူးရိုးရယ်...မောင်ကမင်းကိုပြန်လာစေချင်လို့...ညာလိုက်ရတာပါ...တောင်းပန်ပါတယ်နော်...မောင်အရင်ကမင်းအပေါ်မှာ...အထင်လွဲပြီးအမှားတွေလုပ်ခဲ့မိတာကို...နောင်တတွေရနေပြီမို့...မောင့်အမှားကိုပြန်ပြီး...ပြင်ဆင်ခွင့်လေးပေးပါနော်...မောင်အသနားခံပါတယ်ရိုးရယ်...''
မောင့်စကားကြောင့် ရိုးမချိပြုံးလေးပြုံးလိုက်မိကာ ရင်နာစွာဖြင့်
''အမှားကိုပြန်ပြီး...ပြင်ဆင်ခွင့်တဲ့လားမောင်ရယ်...ငါအရင်တုန်းက...မလုပ်ခဲ့တဲ့အမှားအတွက်...မောင်ပေးခဲ့တဲ့အပြစ်ဒဏ်က...ဒီထက်ကိုအဆပေါင်းထောင်သောင်းမက...နာကျင်ရပါတယ်...အဆိုးဆုံးကငါ့မိဘတောင်မရိုက်ရက်တဲ့...ပါးပြင်ကိုမောင်ဘဲ...အကြိမ်ကြိမ်အခါခါရိုက်ခဲ့တာကို...မောင်မှတ်မိတယ်ဆိုရင်...ခုလိုလွယ်လွယ်နဲ့တောင်းပန်မှာတောင်မဟုတ်ဘူး...''
YOU ARE READING
မောင့်အမုန်းဒဏ်
General Fictionဒါလေးကတော့ မနဲ့မောင်ရဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးဖြစ်ပြီး နည်းနည်းတော့လောင်မယ်နော်။