part_16

4.3K 89 1
                                    

''ရိုးရယ်...နင်ကလဲစွာလိုက်တာ...''

''အေးလေဟယ်...ဟိုကမတော်တဆတက်နင်းမိလို့...တောင်းပန်ပါတယ်လို့ပြောနေတာကို...ဘာလို့ခွင့်လွှတ်မပေးရတာလဲ...''

''နင်တို့ကလဲဟယ်...ရိုးကိုပဲအပြစ်ပြောမနေကြပါနဲ့...အဲ့လူကရောမဟုတ်ဘူးလား...ရိုးဘာသာတစ်ယောက်ထဲ...အေးဆေးထိုင်အုန်းရည်သောက်နေတာကို...လာတက်နင်းတယ်ဆိုတော့...ငါသာရိုးနေရာမှာဆိုရင်...ဒေါသထွက်မိမှာပဲ...''

ပူတူးကပါ ရိုးဘက်ကနေမခံချင်စိတ်နဲ့၀င်ပြောလာတော့ ကျန်သည့်နှစ်ယောက်ဘာမှစောဒကမတက်ရဲတော့ပါ။

''ဘာပဲဖြစ်ဖြစ်ဟယ်...သူ့ပုံစံကအရပ်အရှည်ကြီးနဲ့...အရမ်းကိုကြွေချင်စရာကြီး...ဘော်ဒီကလဲတောင့်တယ်...ဟီး...ဟီး...အားကိုးချင်စရာကြီး...''

စပ်ဖြဲဖြဲရယ်ရင်း ထိုလူ့ကိုအထင်ကြီးအားကိုးချင်နေသည့်သံသာ့ကို ရိုးမျက်စောင်းတစ်ချက်ထိုးလိုက်မိရင်း

''သံသာရယ်...နင်ပဲသူ့ကိုအားကိုးချင်စရာကြီးလို့မြင်နေတာ...ငါဖြင့်လုံး၀ကိုကြည့်လို့မရဘူး...ရုပ်ကိုကမာဖီးယားဂိုဏ်းချုပ်ရုပ်နဲ့...ဟွန့်...ပြီးတော့မိန်းကလေးတစ်ယောက်နဲ့ပြိုင်ပြီး...စကားနိုင်လုတာကပိုသေး...''

''ဒါကတော့ရိုးရယ်...သူက...''

''နင်တို့နော်သူ့အကြောင်းဆက်မပြောကြနဲ့...မဟုတ်ရင်နင်တို့ကိုတစ်ခုခုလုပ်ပစ်မှာ...‌ဒီကဒေါသတွေ...အကင်းသေသေးတာမဟုတ်ဘူး...''

တကယ်လဲ ‌ထိုလူ့ကို ဒေါသတွေထွက်နေဆဲပဲမို့ ပြောလိုက်ခြင်းပါ။

''ကြောက်ပါတယ်တော်...မပြောတော့ပါဘူး...ခြေထောက်ကရောဘယ်လိုလဲ...သက်သာရဲ့လား...''

''အင်းသက်သာပါတယ်...နင်တို့အပြင်သွားဦးမှာဆိုရင်...ရိုးအတွက်ဂဏန်းကြော်လေး...၀ယ်ပေးခဲ့ကြနော်သိလား...''

''ဟယ်နင်က...မလိုက်တော့ဘူးလား...''

''ရိုးခြေထောက်က...လမ်းအကြာကြီးမလျှောက်နိုင်လောက်ဘူး...နင်တို့ပဲသွားကြပါ...ရိုးကဒီအခန်းထဲကနေပင်လယ်ကြီးကို...လှမ်းမြင်နေရတာနဲ့တင်...ကျေနပ်နေပါပြီ...''

မောင့်အမုန်းဒဏ်Waar verhalen tot leven komen. Ontdek het nu