part_11🌷🌷🌷

4.3K 77 2
                                    

''ဒါဆို...သူတို့ကဘာဆက်ဖြစ်သွားတာလဲ...အဲ့မမကမိဘသဘောမတူဘဲ...ဟိုအကိုကြီးနဲ့...ခိုးရာလိုက်သွားတာလား...''

အတိတ်ကဇာတ်လမ်းရှည်ကြီးကို ပြောပြနေရာမှ မောလာသဖြင့် ခဏနားကာ အနီးရှိရေနွေးအိုးထဲမှ တစ်ခွက်ငှဲ့ကာ တဖူးဖူးမှုတ်၍ သောက်လိုက်သေးသည်။

ပြီးမှ လည်ချောင်းတစ်ချက်ရှင်းကာ အားလုံးကိုဝေ့ကြည့်ပြီး သူတို့သိချင်နေတဲ့စကားကိုပြန်ဆက်လိုက်သည်။

''ရိုးကမိဘတွေ...အတန်တန်တားနေတဲ့ကြားက...အဲ့ကောင်ကိုယူသွားတာလေ...ဒါနဲ့သူ့မိဘတွေကလဲ...စိတ်ဆိုးပြီးအမွေဖြတ်စွန့်လွှတ်ခဲ့ရာကနေ..ဒီနေ့အချိန်ထိ...ရိုးကိုဆက်သွယ်မလာတော့သလို...ရိုးအကြောင်းကိုလဲအပြောမခံတော့ဘူး....''

''ဟယ်...ဒါဆိုရိုးဆိုတဲ့မမက...အချစ်သူရဲကောင်းကြီးပေါ့...ဟုတ်လား...အားကျလိုက်တာ...''

ကလေးမတစ်ယောက်က  အားကျသည့်အသံနှင့် ပြောလိုက်တာမို့ မဦး(ခေါ်)သံသာရဲ့မျက်နှာက မဲ့ကျသွားရသည်။

''ဟွန့်...အားကျမနေနဲ့...အဲ့မိန်းမကိုလဲ...ငါသိပ်ကျေနပ်တာမဟုတ်ဘူး...ဘယ်နှယ့်သူငယ်ချင်းအရင်းကြီးတွေတားတာကို...နားမ၀င်ဘဲဟိုကောင်နဲ့လိုက်ပြေးရတယ်လို့...အဆိုးဆုံးက...ဟိုကောင်ကငါတို့နဲ့...မဆက်သွယ်ခိုင်းလို့ဆိုပြီး...ငါတို့သူငယ်ချင်းတွေကိုပါ...အဆက်အသွယ်ဖြတ်သွားတယ်လေ...''

ပြောရင်းနဲ့ ဒေါသတွေပါလာရကာ လက်သီးဆုပ်နဲ့စားပွဲခုံကို ဒုန်းခနဲမြည်အောင်ထုချလိုက်သည်။

''သူများကွယ်ရာမှာ...အတင်းပြောရတာအားရရဲ့လား...မသံသာ...ဪမေ့လို့...ခုမသံသာဦးဖြစ်သွားပြီမို့လား...''

''ဟင်''

အသံနှင့်အတူ လူကရိပ်ခနဲ သူမအနားရောက်လာတာမို့ သံသာဦးလန့်သွားရသည်။

''ဘယ်လိုလဲ...ခုကျွန်တော်ရောက်လာပြီ...ဆက်ပြောလေ...ကျွန်တော့်မကောင်းကြောင်းတွေကို...ကျွန်တော်လဲနားထောင်ကြည့်ချင်လို့...''

မချိုမချဉ်မျက်နှာနှင့် မြင့်မိုရ်ကခပ်ရွဲ့ရွဲ့မေးလိုက်သလို သံသာဦးကလဲ သူနှင့်ထပ်တူညီသော မဲ့ပြုံးပြုံးကာ

မောင့်အမုန်းဒဏ်Where stories live. Discover now