part-25🌷🌷🌷

4.8K 73 0
                                    

''ရိုးအပြင်က...ပြန်လာပြီလား...''

ရိုးအိမ်ထဲသို့၀င်၀င်ချင်း မြင့်မိုရ်က ပြုံးရွှင်သောမျက်နှာဖြင့် ဆီးကြိုကာမေးလိုက်ပေမယ့်

''လူယုတ်မာ...''

''ဖြန်း''

''ဟင်''

သူ့မေးခွန်းကို မဖြေဘဲ ပါးကိုလက်ပြန်ရိုက်ချလိုက်တာကြောင့် သူ့မျက်နှာတစ်ပတ်လည်သွားရသလို ဘာကိုမှနားမလည်နိုင်ဖြစ်သွားရသည်။

''နင်ပြောတော့...နောင်တရနေပြီ...အမှားကိုပြန်ပြင်ဆင်ချင်ပါတယ်ဆို...''

''ဟုတ်တယ်လေရိုးရဲ့...မောင်အခုလဲမင်းအနားက...တစ်ဖဝါးမှမခွာဘဲ...နေနေတာမဟုတ်လား...''

''တော်ပါတော့နင့်အသံလဲမကြားချင်သလို...နင့်လုပ်ရက်ကိုလဲရွံတယ်...‌ဒါကြောင့်နင်ငါ့ရှေ့ဘယ်တော့မှပေါ်မလာပါနဲ့...''

''မဟုတ်တာရိုးရယ်...မောင်ဘာအပြစ်တွေများလုပ်မိလို့...ခုလိုပြောရတာလဲဟင်...မောင်နားလည်အောင်ရှင်းပြပါဦး...''

‌အပြင်ကပြန်လာကထဲ ရိုးမျက်နှာတည်နေသည်ဟု ထင်လိုက်ပေမယ့် ဘာ‌ကြောင့်ဆိုတာကိုတော့ သူမသိတာအမှန်။

''နင်ရဲ့ပန်းနုဆိုတဲ့မိန်းမ...ငါ့ကိုလာတွေ့ပြီး...သူ့မှာနင်နဲ့ရတဲ့ကိုယ်၀န်ရှိနေတယ်ဆိုပြီး...လာပြောတာလေ...ပြီးတော့နင်တို့နှစ်ယောက်...ချစ်ကြည်နူးနေကြတဲ့ပုံတွေရော...ငါ့ကိုအဲ့ဒါတွေလာပြပြီး...နင်နဲ့ကွာရှင်းခိုင်းနေတာ...သိလား...''

ပန်းနုဆိုသည့်နာမည်ကြားတာနှင့် သူ့မျက်နှာအကြီးအကျယ်ပျက်သွားရသည်။

''ဟာမဟုတ်ဘူးရိုး...အဲ့ကိစ္စကမင်းအထင်လွဲနေတာပါ...သူနဲ့ကိုယ်မှားယွင်းခဲ့ပေမယ့်...အဲ့ကိုယ်၀န်ကတကယ်...ကိုယ်နဲ့မဆိုင်ဘူး...''

''ဘာပြောတယ်...နင်နဲ့သူပလူးပလဲလုပ်‌ထားတဲ့ပုံကိုလက်ပူးလက်ကြပ်မိနေတာတောင်မှ...ငါ့ကိုလိမ်ချင်နေသေးတယ်ပေါ့...ဟုတ်လား...''

''မဟုတ်ဘူးရိုးရယ်...တကယ်မောင်နဲ့သူက...''

''နင်ဘာမှဆက်မပြောနဲ့...မြင့်မိုရ်...ငါရှေ့ကနေထွက်သွား...နင့်မျက်နှာကိုမြင်ရတာ...ငါ့အတွက်မီးလိုပူလောင်တယ်သိရဲ့လား..''

မောင့်အမုန်းဒဏ်Where stories live. Discover now