part_9🌷🌷🌷

5.3K 100 2
                                    

''ရိုး...ဘယ်သွားမလို့လဲ...''

''ဟင်''

ကော်ရစ်တာ ထောင့်ချိုးလေးကရုတ်တရက်ထွက်လာသော သူကရိုးကိုမေးလိုက်တာမို့ ဘာပြောရမှန်းမသိဘဲ ဆွံ့အနေမိသည်။

ခုရိုးရဲ့အဖြစ်ကဘာနဲ့တူသလဲဆိုရင် ကျားရှေ့မှောက်လျက်လဲတာနှင့် ခပ်ဆင်ဆင်ဖြစ်နေလေသည်။

သူ့ကိုမတွေ့ချင်လို့ ရှောင်ဖယ်လာပါသည်ဆို ရှေ့တည့်တည့်မျက်နှာချင်းဆိုင်မှာ တွေ့နေမိသည့်အဖြစ်။

''ကျွန်တော်နဲ့...မခင်ချင်လို့လားဟင်...''

ရိုးရဲ့မျက်နှာလေးကို တစ်ချက်ကြည့်ပြီး သူကပြုံးပြုံးရယ်ရယ်နဲ့ပြောလာတာမို့ ရိုးစိတ်ထဲကနေအားနာသွားရသည်။

''မဟုတ်ပါဘူး...ရိုးကဒီနေ့အတန်းတက်ချင်စိတ်မရှိလို့...စာကြည့်တိုက်သွားနေမလို့...မင်းကရော...အတန်းမတက်ဘူးလား...''

''အင်း...ဘယ်လိုပြောရမလဲဆိုတော့လေ...ကျွန်တော့်ရဲ့မသိစိတ်က...စေခိုင်းမှုလို့ပြောရမလားပဲ...ရိုးဒီနေ့ကျွန်တော်နဲ့မတွေ့အောင်...ရှောင်နေတော့မယ်လို့...ခံစားလိုက်မိလို့ ...အခြေအနေလာကြည့်တာ...''

''အို...''

ရိုးရဲ့မျက်နှာလေး ဖြန်းခနဲရဲတက်သွားရသလို သူ့ကိုပင်စေ့စေ့မကြည့်ရဲဘဲ မျက်နှာလွှဲနေမိ၏။

ထိုအရာကိုပင် သူကသဘောကျသလိုပြုံးပြီး

''ရိုးက...ကျွန်တော်ပြောတာတွေမှန်သွားလို့...ရှက်သွားတာလား...မရှက်ပါနဲ့ရိုးရယ်...ဒါဟာရိုးရဲ့လုပ်ပိုင်ခွင့်ပါ...ကျွန်တော့်ကိုမကြိုက်ဘူးဆိုရင်လဲ...စိတ်ကြိုက်ငြင်းပစ်လိုက်...ကျွန်တော့်ဘက်ကစိတ်မဆိုးဘူးရယ်...''

သူထိုသို့ပြောလိုက်မှ အရှက်သည်းနေသည့် သူမက မျက်လွှာပင့်ကြည့်လာလေသည်။သူ့မှာ သူမရဲ့ ထိုသို့သော အပြုအမူအမူအယာလေးတွေကို ချစ်နေရသည်မဟုတ်လား။

''မင်းတကယ်ပြောနေတာလား...''

''တကယ်ပြောတာပါရိုးရယ်...ဘယ်ယောက်ျားလေးက...သူတို့ကြောင့်ချစ်ရတဲ့သူ...စိတ်ဆင်းရဲမျက်နှာညိုတာကိုခံချင်မှာလဲ...ကျွန်တော်ရိုးအပေါ်မှာထားတဲ့အချစ်ကဖြူစင်ပါတယ်...''

မောင့်အမုန်းဒဏ်Where stories live. Discover now