✨ပြန်လည်မွေးဖွားခြင်း✨

14.1K 349 37
                                    

"ဖီးနစ်ငှက်တစ်ကောင်ရဲ့ လွမ်းချင်း"

အဖော်မဲ့ ရှင်သန်ခဲ့ရတဲ့
ငါ့ဘဝ ငါ့ကမ္ဘာထဲ
လိပ်ပြာတစ်ကောင်ရဲ့တောင်ပံခတ်သံနဲ့
လွန်းကြင်ငှက်ရဲ့ ပင့်သက်ရှိုက်သံကလွဲရင်
ငါ့အသက်ရှူသံနဲ့ လေတိုးသံပဲ ကြားရတဲ့အထိ
ငါ့လောကဟာ ခြောက်သွေ့တိတ်ဆိတ်တယ်...။

နှစ်များစွာ မုန်တိုင်းကျနေတဲ့
ငါ့ခရောင်းလမ်းထဲမှာ
မင်းဟာ ခဏတဖြုတ် တိုက်ခတ်ဆော်သွေးလာတဲ့
လေပြည်ညှင်းလေးပဲ...။

အထီးကျန်ခြင်းနဲ့နေသားကျနေတဲ့ ငါ
မင်းချည်နှောင်ခဲ့တဲ့ သံယောဇဥ်ကြိုးတွေကို
ဖြတ်တောက်ဖို့ ကြိုးစားရင်းနဲ့
အထပ်ထပ်အခါခါ ပြန်လည်ငြိတွယ်လို့
ဒီသမုဒယနွံထဲက ရုန်းမထွက်ချင်တော့ဘူး...။

မင်းကို ချစ်တဲ့အချစ်စိတ်ဟာ
အရှိန်အဟုန်နဲ့ရင့်သန်လာတဲ့အခါ
ငါဟာ တာဝန်နဲ့ဝတ္တရားအတွက်
နှလုံးသားတံခါးကို သော့ခတ်ထားခဲ့တယ်။

မင်း ရှာဖွေခဲ့တဲ့ ငါ့ရ​င်ဘတ်ထဲက
မင်းကိုချစ်တဲ့ အသည်းနှလုံးကို
မြင်တွေ့ခွင့်ရဖို့ မင်းရဲ့ကံကြမ္မာက
ခွင့်မပြုခဲ့ဘူး...။

ဖွင့်ဟဝန်ခံခွင့်မရှိတဲ့
အချစ်တွေကို ဆက်ပြီးမျိုသိပ်ထားရင်းနဲ့
မင်းနဲ့နောက်တစ်ကြိမ် ဆုံတွေ့ခွင့်ရဖို့
ဆယ်စုနှစ်များစွာ စောင့်ခဲ့ရပြန်ကော...။

ငါ မင်းကို နောက်ထပ် ဆုံတွေ့တဲ့အချိန်မှာ
ငါ့ရဲ့ဦးရေတွေ ခြောက်သွေ့
ဆံပင်တွေဆွေးမြည့်လို့
အဘိုးကြီးဖြစ်ခဲ့ပြီလေ...။

သက္ကရာဇ်တွေ ဟောင်းနွမ်းလို့
အသက်အရွယ်တွေ အိုမင်းခဲ့ပေမဲ့
မင်းကိုချစ်တဲ့ အချစ်တွေနဲ့
မင်းအပေါ်ထားတဲ့ သစ္စာတရားကတော့
ရိုးမြေကျ နုပျိုလတ်ဆတ်ဆဲပေါ့ အချစ်ရယ်...။

နတ်စစ်သည်(21/12/2018)
ကိန္နရီသို့လွမ်းချင်း

Timeline in 2020 August

​အနောက်တောင် မုတ်သုံလေက တဖြူးဖြူးတိုက်ခတ်ဆော်သွေးနေသည်။ မိုး၏ အစိုဓာတ်ကြောင့် တောတောင်ရေမြေပတ်ဝန်းကျင် ဒေသတစ်ခုလုံး အေးစိမ့်စိမ့်ဖြစ်ကာ ခါတိုင်းထက် စိမ်းလန်းနေသယောင်ယောင်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now