✨ဦးဆွေးဆံမြည့်-၂၂✨

3.9K 279 77
                                    


'၃ရက်တည်းနဲ့ ၁၈ပေထိရောက်တယ်ဆိုတော့ တော်တယ်..နောက်တစ်ဆင့်ကိုနောက်ရက်ကျမှပေါ့...'

သူ့ဆီက ချီးမွမ်းသံထွက်လာတော့ ကိကိ ချွေးသုတ်ထားသည့်ပဝါကိုယမ်းခါ၍ ထခုန်သည်။

'ရေး.... တစ်ဆင့်ပဲကျန်တော့တယ်ကွ...ဟားဟား..'

'ဒါ introပဲရှိသေးတယ်.. နောက်ထပ်chapterတွေအတွက် အားမွေးထား...'

သူက ကိကိခုန်ကျော်ခဲ့ပြီးသည့် သစ်လုံးတန်းတွေကို တစ်ခုချင်းစီဖြိုလှဲ၍ နေရာတကျပြန်စီကာ ၂၁ပေအမြင့်တန်းတစ်ခုကိုသာ ချန်ထားလိုက်သည်။ ကိကိက ခုံတန်းလေးပေါ်ထိုင်၍ ရေသောက်အမောဖြေနေ၏။ ကဲကဲက သူမခြေရင်းမှာဝပ်၍ အိပ်မောကျနေသည်။ သူ သစ်လုံးတွေကို ကျွန်းပင်တွေအောက်သို့ရွှေ့ပြီး ပြန်ထလာကာ အနက်ရောင်လည်ကပ်ဆွယ်တာအင်္ကျီကိုချွတ်လျက် ကိကိထိုင်နေသည့်ခုံတန်းပေါ်တင်လိုက်သည်။ ကိကိအကြည့်တွေသူ့ဆီရောက်လာကာ စွပ်ကျယ်ချိုင်းပြတ်အဖြူဝတ်ထားသည့်ကိုယ်မှာ ရင်ဘတ်မှသည် လည်ပင်းထိ ထောင်ထနေသည့်သွေးကြောစိမ်းတွေကိုအနီးကပ်မြင်လိုက်ရလျှင် ရင်ခုန်သံတွေဝုန်းဒိုင်းကြဲကုန်သည်။ ပထမတစ်ခါ မြင်ရစဥ်က တစ်စွန်းတစ်စလေးပဲဖြစ်ကာ အခုတစ်ကြိမ်ကဲ့သို့ ထင်ရှားပေါ်လွင်ခြင်းမရှိခဲ့ပေ။

စောစောကသောက်ထားသည့်ရေတွေပင် အစာအိမ်ထဲမှာ ရုန်းရင်းဆန်ခတ် လှိုင်းထန်ကုန်သည်ထင်၏။ သူ့ရင်ဘတ်က သွေးကြောစိမ်းတွေထောင်တက်နေပုံက ဘာကြောင့်များ အဲလောက်တောင် ဆွဲဆောင်မှုရှိနေရသလဲ။ ဒီသွေးကြောစိမ်းတွေယှက်ဖြာနေသည့်ရင်ဘတ်ကိုသာ ထိတွေ့ခွင့်ရခဲ့လျှင်..

'ကိန္နရီ...'

'ဟင်..ဟုတ်..'

သူ့ခေါ်သံကြားမှ သတိပြန်ဝင်လာကာ မျက်တောင်ခတ်၍အကြည့်လွှဲသည်။

'အမောပြေပြီဆိုရင် နောက်ထပ် အသစ်စမယ်..'

သူက ကွင်းပြင်ဆီပြန်လျှောက်သွားသဖြင့် ကိကိသူ့နောက်မှပြေးလိုက်ခဲ့သည်။

'မင်းအဖေက မင်းကို ကိုယ်ခံပညာတွေသင်ပေးထားမှာပေါ့.. ဘယ်လောက်ထိတတ်ကျွမ်းထားသလဲ လေ့လာကြည့်ချင်တယ်..ဒီအချိန်မှာ ကိုယ်နဲ့မင်းက ဆရာတပည့်ဆိုတဲ့အသိကိုဖျောက်ပြီး ရန်သူတွေလို့နှလုံးသွင်းထား...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now