✨ဦးဆွေးဆံမြည့်-၁✨

8.1K 203 37
                                    


"ဦးဆွေးဆံမြည့်"

ဆုံစည်းခြင်းရဲ့အစ
အဆုံးသတ်ခွဲခွာခြင်းမှာ
သံယောဇဥ်ဟာ ကပ်ငြိလွယ်တဲ့
နှောင်ကြိုးတစ်မျှင်ဆိုတာ ငါမသိခဲ့ဘူး။

ကံမကုန်သေးလို့
​ပြန်ဆုံတွေ့တဲ့အခါ
ရေစက်ဆိုးရဲ့ရှေ့ဖြစ်စဥ်ကို
ငါကြိုမကြည့်ရဲခဲ့ဘူး။

မင်းကိုအန္တရာယ်မြူတစ်မှုန်တောင်
မကျရောက်စေဖို့ ကာကွယ်ပေးချင်ခဲ့ပေမဲ့
မင်းရဲ့ကံကြမ္မာကို တားဆီးဖို့
ငါတကယ်မတတ်နိုင်ခဲ့ဘူး။

ဖီးနစ်ငှက်တစ်ကောင်ရဲ့
ရင်ကွဲမတတ်အော်ဟစ်သံဟာ
လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ
ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ
ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။

မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်
ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့်
ငါ့ရဲ့ယူကျုံးမရစိတ်တွေကိုဖြေဖျောက်ဖို့
ငါ မင်းကို ဆယ်စုနှစ်များစွာ စောင့်မျှော်နေခဲ့တယ်။

မင်း ငါ့ဘေးနားကို ပြန်လည်ရောက်ရှိလာတဲ့အခါ
ငါ့ရဲ့ရင်ဘတ်ထဲကိုကြည့်လိုက်ပေါ့..
မင်းရဲ့နုပျိုမှုတွေနဲ့အတူ
ငါ့ရဲ့အိုမင်းခဲ့တဲ့အလွမ်းတွေကို ပြန်ကုစားပေးပါ..
ဒီလူသားရဲ့အချစ်က မင်းအတွက်ဆို 'ဦးဆွေးဆံမြည့်'..။

                      နတ်စစ်သည်(21/12/2018)

     Timeline in 2040
    ~~~~~~~~~~~~~~~
    
မွေးဖွားခြင်း၏အဆုံးသတ်သည် သေဆုံးခြင်းဟုဆိုလျှင် သူမရှင်သန်ခဲ့သည့်သက်တမ်းက အနှစ်နှစ်ဆယ်မျှသာ။ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးဖို့ မွေးဖွားခဲ့သည်ဟု သူမကိုယ်တိုင် မှတ်ယူခဲ့ပြီးသည့်အခြားတစ်ဖက်မှာ ထိုတစ်စုံတစ်ယောက်ကိုပဲ နှလုံးသွေးရပ်သည်အထိချစ်ခဲ့သည်။
ထိုအချစ်က တစ်ဖက်သတ်အချစ်။ တစ်ဖက်သတ်အချစ်ဆိုသည်မှာလည်း တကယ်တော့ တစ်ဖက်ကိုသတ်တာပါပဲ။ သေဆုံးသွားခဲ့သည့်အရာတွေထဲမှာ တစ်ခုကအသက် ၊ တစ်ခုကဘဝ။ အချစ်သည်သာကြွင်းရစ်ရှင်သန်နေခဲ့ပြီး လူတစ်ယောက်ကိုစွဲလမ်းခဲ့သည့် ပဋိသန္ဓေစိတ်သည် ဘဝအသစ်တစ်ဖန်ပြန်လည်ဖြစ်တည်ဖို့အတွက် ထိုအချစ်နှင့်အတူ နိုးထလာခဲ့ပြီဖြစ်၏။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now