✨ဦးဆွေးဆံမြည့်-၁၈✨

3.9K 221 51
                                    

   'ကားက မနေ့ကည ၈နာရီလောက်မှာ ပျဥ်းမနားဘက်က လာတာဆိုတော့ အစစ်အဆေးကျဲတဲ့နေရာမှာ ပစ္စည်းလဲပြီးမှ တောင်ညိုလမ်းက ဖြတ်လာပုံပဲ...'

   

   လုလင် တွေးတွေးဆဆ​ပြောကာ လမ်းကြောင်းတွေကို mapမှပြန်ကြည့်နေ၏။

   

   'ဟုတ်တယ်ဆရာ... လမ်းကြောင်းတွေအားလုံး စစ်ပြီးပါပြီ.. အခုအခြေအနေကတော့ တောင်ညိုမှာ ဂိတ်စခန်းထပ်ဖွင့်သင့်ပုံပဲ..'

   

  'ဒါနဲ့ ကလေးအလောင်းတွေနဲ့ကူမန်ထောင်အရုပ်တွေ တွေ့ရှိတဲ့သတင်းကို ဘယ်pageက စဖြန့်တာလဲ...'

  

  'ကျွန်တော် resourceလိုက်ကြည့်တဲ့အခါမှာ The Fairy's Principleဆိုတဲ့ pageလို့ သိရပါတယ်ဆရာ.. '

  

   ဇွဲမင်းညိုက ချက်ချင်းဖြေသည်။ လုလင် ထိုpageကို search barမှာရိုက်ရှာကြည့်ကာ..

   

   'The Fairy's Principleဆိုတာ ဒီpageလား'ဟု ထပ်မေးလျှင် ဇွဲမင်းညိုက ခေါင်းညိတ်ပြ၏။ သူတို့ အလုပ်နားရက်ဖြစ်သော်လည်း မနားနိုင်ဘဲ အမှုကိစ္စတွေကြောင့် ရုံးခန်းထဲမှာ စောစောစီးစီးခေါင်းချင်းဆိုင်နေရသည်။ 

   

   'အဲဒီ့pageက ကျွန်တော်တို့ရဲဌာနကို အတော်လေးဝေဖန်ထိုးနှက်တတ်တယ်ဆရာ.. The fair way of the justice mediaရောပဲ..'

   

   'အေး..ထိုးနှက်လည်း ခံရုံပေါ့ကွာ.. သူ့သုံးသပ်ချက်တွေကလည်း မှန်နေတာကိုး..'

   

   လုလင်က Pageမှာတင်ထားသည့်ဆောင်းပါးတွေကို likeတွေပါပေးနေသေးသည်။ အရေးအသား သုံးသပ်ချက် အလွန်ကောင်း၍ မှန်ကန်တိကျမှုပါရှိနေသဖြင့် သူ သဘောကျသွားကာ followပါလုပ်လိုက်သည်။ သူ တစ်ခုပြီးတစ်ခုလိုက်ဖတ်ကြည့်ရင်း postတစ်ခုကြောင့် မျက်ခုံးတွေပါမြင့်တက်သွား၏။ Winter Music Zone၌ဖြစ်ပွားခဲ့သည့် rape caseကိုဆောင်းပါးရှည်ကြီး ရေးထားကာ သူ့တူတော်မောင်၏ မျက်နှာကြီးက ပုံတိုင်းမှာ ပြူးပြဲထင်ရှားနေသည်။ လုလင် စိတ်မသက်မသာဖြစ်သွားကာ laptopပိတ်လိုက်၏။ 

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now