✨ဦးဆွေးဆံမြည့်-၂၉✨

3.6K 205 31
                                    

'ကိုကြီး...ဟိုမှာ ဖမ်းလေ...'

ငါးမျှားချိတ်မှအစာကို လှမ်းဟပ်လာသည့်ငါးရှဥ့်က အစာဟပ်ပြီးသည်နှင့် ရေကန်ထဲပြန်ဆင်းသွားသဖြင့် ကိကိ အားမလိုအားမရခြေဆောင့်မိသည်။ သူက ငါးမျှားတံကိုင်ထားရင်း စိတ်မရှည်ဖြစ်လာဟန်ဖြင့် ရေထဲ ခုန်ကူးနေသည့်ငါးရှဥ့်ကို လက်နှင့်ဖမ်းယူလိုက်သော် ထိုငါးရှဥ့်က သူ့လက်ထဲမှာ အမြီးတလှုပ်လှုပ်နှင့် ယိမ်းခါ၍ပါလာ၏။
ထိုငါးရှဥ့်ကို ကိကိမျက်နှာနားတိုးကပ်၍ ကျီစားလျှင် ကိကိ နှာခေါင်းရှုံ့ခေါင်းခါတော့သည်။

'ဟာ...ငါးကြီးက ရွံစရာကြီး... သမီးနား ယူမလာခဲ့နဲ့လေ...'

အသံစာစာနှင့်အော်ပြောရင်း ရွံရှာဟန်ဖြင့် လျှာထုတ်ပြတော့ သူ့မျက်နှာထက်မှာ မြင်ရခဲသည့် အပြုံးတစ်ချက် ဖြစ်ထွန်းသွား၏။ ထိုအပြုံးမျက်နှာကို မှင်သက်​ငေးမောရင်း သူ့ပုံရိပ်ကို ရှင်းလင်းသဲကွဲစွာ ထပ်မြင်ရဖို့ ရှေ့သို့ တစ်လှမ်းတိုးလာသည်။ သူက သူ့မျက်နှာကိုပြဖို့ တွန့်တိုနေပုံရသည်။ သူမကို ကောက်ပွေ့၍ ခါးထစ်ခွင်ချီလိုက်ပြီး လိပ်ပြာတွေ၊ ရောင်စုံပန်းပင်တွေ ဝန်းရံနေသည့် ရေကန်ဘေးမှ ထလာခဲ့သည်။ မြက်ခင်းစိမ်း စင်္ကြန်လမ်းလေးပေါ်ရောက်မှ သူမကို အောက်ချပေး၏။

'ကိုကြီး...သမီးက ပြန်ရတော့မှာလား...'

သူ့ကိုမော့ကြည့်ရင်း မေးတော့ သူက ပြန်မဖြေဘဲ သူ့လည်ပင်းက ကျောက်စိမ်းလော့ကက်နှင့်ဆွဲကြိုးကို ဆတ်ခနဲဆွဲဖြုတ်၍ ကိကိရှေ့မှာ မုဆိုးဒူးထောက် ထိုင်လျက်..

'ညီမလေး ဒီဆွဲကြိုးကို လိုချင်နေတယ်မို့လား...'

မေးရင်း လည်ဆွဲကို သူမလည်တိုင်မှာ ဆင်မြန်းပေးသည်။

'ကိုကြီးက လက်ဆောင်ပေးတာ... အမြဲဝတ်ထားရမယ်နော်.. ဒါကို ဘယ်သူမှဆွဲဖြုတ်လို့မရဘူး ကလေးရဲ့... ဘာအန္တရာယ်တွေပဲရှိရှိ ဒီဆွဲကြိုးက ကာကွယ်ပေးမှာ...'

ကိကိ အစိမ်းရောင်တွေဖြာထွက်နေသည့် ကျောက်စိမ်းလည်ဆွဲကို သဘောကျစွာငုံ့ကြည့်နေစဥ် သူက ကိကိဆံပင်လေးတွေကို သပ်တင်ပေးရင်း..

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now