✨ဦးဆွေးဆံမြည့်-၁၉✨

4.3K 206 26
                                    


  'နိုမီ...နင် ခုထိမပြင်ရသေးဘူးလား...'
 
  ကိကိ အခန်းထဲဝင်လာတော့ နိုမီက မွေ့ရာပေါ်မှာငုတ်တုတ်ထိုင်နေပြီး ညအိပ်ဝတ်စုံတောင် မလဲရသေး။ မျက်နှာကလည်း လငပုပ်ဖမ်းသကဲ့သို့ မှုန်ကုပ်ကုပ်နှင့် ဆံပင်တွေက ပွယောင်းယောင်း။ ကိကိက လက်ထဲမှာပိုက်လာသည့်ကဲကဲကို ကြမ်းပေါ်ချပေး၍ နိုမီ့ဆီခပ်သုတ်သုတ်လျှောက်လာသည်။
 
  'နိုမီ..နင့်မျက်နှာက ဘာဖြစ်နေတာလဲ..အီးမှန်ထားတဲ့အတိုင်းပဲ...'
 
  'ငါ အိန်ဂျယ့်မင်္ဂလာဆောင် မလိုက်ချင်ဘူးကိကိရာ.. အဲဒီ့ဟာမကို မျက်နှာချင်းမဆိုင်ချင်ဘူး..သူ့ဟာကြီးကိုလည်းရွံတယ်...'
 
  'ငါတို့က သူ့ပွဲကိုဂုဏ်ပြုဖို့သွားမှာမှမဟုတ်တာ.. ကဲ..ထပါဟာ.. အလှပြင်တော့... နင် အဲလိုမလာမှ ဟိုကပိုပြီးပြောအားရှိမှာ.. နင် ကျော့မော့နေအောင်ပြင်ပြီး ပွဲတက်ရမယ် ထ ထ..'
 
  ကိကိ ဇွတ်ဆွဲထူ၍ မှန်တင်ခုံရှေ့အရောက်ပို့လေမှ နိုမီ အလှပြင်ရတော့သည်။
 
  'နင်က ကဲကဲပါခေါ်လာတာလား..'
 
  'ဟုတ်ပါ့...'
 
  'နင်ပဲ အစကတော့ ခွေးက နင့်နားမကပ်လို့ပြန်ရောင်းတော့မယ်ဆို...'
 
  'ဟေ့အေး..မရောင်းတော့ဘူး..အခု ကဲကဲက ငါ့နားမှာကပ်နေပြီ..'
 
  ကိကိက အမြီးနှံ့နေသည့်ကဲကဲကို ချစ်စနိုးပွတ်သပ်ရင်း...
 
   'ငါ့ဦးနတ်ကလည်း ကဲကဲဆိုကြည်တယ်ဟ.. အဲဒါကြောင့် ကဲကဲကိုပြန်ရောင်းဖို့စိတ်ကူးကို ဖျက်လိုက်ပြီ.. '

   'နင့်ဦးနတ်နဲ့နင်နဲ့ရော ဘာမှမထူးခြားသေးဘူးလား...'
  
   နိုမီမေးတော့မှ သူ့ကို ချစ်စကားဆိုခဲ့သည့်အဖြစ်ကိုသတိရကာ လှိုက်ခနဲရင်ခုန်သွား၏။ သူ့ကိုချစ်တယ်ဟုဖွင့်ဟမိတိုင်း စူးစိုက်ကြည့်တတ်သည့်မျက်လုံးစိမ်းတွေကြောင့် အရည်ပျော်ရတာလည်း ခဏခဏပင်။ ထို့အပြင် သူမနမ်းသည့်အခါတိုင်း ပြန်လည်ပွေ့ဖက်လာတတ်သည့် သူ့အထိအတွေ့များ..
   ကဲကဲကိုဖက်ထားရင်း တစ်ယောက်တည်းတွေး၍ပြုံးနေသည့်သူမကို နိုမီက မျက်တောင်တုကပ်နေရာမှ လှည့်ကြည့်သည်။
  
   'အမလေးဟယ်...မေးတာမဖြေဘဲ ပြုံးနေသေးတယ်..'
  
   'သူ့အကြောင်းတွေးပြီး ရင်ခုန်သွားလို့..ဟီးဟီး..'
  
   'ဖြစ်ရတယ်..'
  
   နိုမီ အလှပြင်ခြင်းကို လက်စသတ်၍ ထရပ်သည်။
  
   'နင်က ပွဲတက်ဝတ်စုံမဝတ်ဘဲ ဒီပုံစံနဲ့လားကိကိ..'
  
   ကိကိက လယ်သာဂျက်ကက်အနက်နှင့်ဘောင်းဘီအနက်ဝတ်ထားကာ မျက်မှန်နက်ကိုလည်း ခေါင်းပေါ်ပင့်တင်ထားသေးသည်။
  
   'နင့်စတိုင်လ်ကလည်း ပွဲတက်မှာလား..စုံစမ်းထောက်လှမ်းမှာလား..'
  
   'နှစ်ခုလုံးပေါ့...ကဲ လုပ်ပါမြန်မြန်..အချိန်လင့်နေပြီ...'
  
   ကိကိ နိုမီအဝတ်အစားလဲ၊ ဖြီးလိမ်းခြယ်သပြီးသည်အထိ စိတ်ရှည်ရှည်စောင့်ဆိုင်း၍ နိုမီပြင်ဆင်လို့ပြီးတော့မှ အတူထွက်လာခဲ့ကြသည်။
  
   'ဟဲ့..နင့်ကားက အမိုက်စားပါလား...အသစ်ထပ်လဲလိုက်တာလား..'
 
   'အေး..ငါ့ပါးပါးကားshowroomမှာ မနေ့ကအသစ်ရောက်တဲ့ဟာလေ...'
  
   ကိကိက  ခပ်မြူးမြူးဆို၍ ပီကေထုတ်ဝါးသည်။ ထို့နောက် မျက်မှန်ကို စတိုင်လ်ကျကျတပ်၍ နက်ပြာရောင်ပြိုင်ကားကိုဝေါခနဲမောင်းထွက်ခဲ့သည်။ သူမတို့ ပွဲသို့ရောက်တော့ လူစုံနေပြီဖြစ်သည်။ ဇဝါနှင့်သူ့အဖော်တချို့လည်း ကြိုရောက်နေကြပြီ။ ပြိုင်ကားပေါ်မှဆင်းလာသည့် ကိကိက ပါဆယ်ပုံးတစ်ပုံးကိုင်၍ နိုမီနှင့်အတူ ခန်းမထဲဝင်လာသည်။ ကဲကဲကလည်း ကိကိနောက်မှ ကပ်လိုက်လာ၏။
  
   'ဟော..ကိကိတို့ရောက်လာကြပြီ..မလာတော့ဘူးတောင် ထင်တာဟယ်..'
  
   အိန်ဂျယ်က ခန်းမရှေ့အဝင်ဝကနေ ဆီးကြို၏။ ပိုင်ဇေထွဋ်က သူမနှင့်လက်ချင်းချိတ်၍ ယှဥ်တွဲပါလာကာ ကိကိတို့ကို ပြုံးမလိုမဲ့မလိုနှင့် နှုတ်မဆက်ဘဲ အီလည်လည်ကြည့်နေ၏။
  
   'လာရမှာပေါ့အိန်ဂျယ်.. ဒီလိုပွဲမျိုးကို ဘယ်လက်လွတ်ခံလို့ဖြစ်မလဲ....'
  
   ကိကိက အဓိပ္ပါယ်ပါသောအပြုံးဖြင့် ပြန်ဖြေကာ နိုမီနှင့်အတူ ဇဝါတို့ဘေးခုံမှာ နေရာယူသည်။ ဇဝါတို့က ကိကိတို့ကိုမြင်သည်နှင့် သံပတ်ပေးထားသည့်စက်ရုပ်တွေကဲ့သို့ တောင့်မတ်သွားကြ၏။
  
   'ကိကိ..နင့်လက်ဆောင်ပုံးကို လက်ဖွဲ့လက်ခံတဲ့နေရာမှာ မအပ်ဘူးလား...'
  
   'No..ဒါက ချစ်လှစွာသောအိန်ဂျယ်အတွက် အထူးလက်ဆောင်လေ..ပွဲပြီးမှပေးမှာ..'
  
   လက်ဆောင်ပုံးက ရွှေချည်ဖောက်စာလုံးတွေနှင့်ကနုတ်အကွပ်များကြောင့် လှပခမ်းနားနေသည်။ ကိကိ ထိုပုံးကိုစားပွဲပေါ်တင်လိုက်ပြီး ဇဝါ့ရှေ့ကကိတ်မုန့်ပန်းကန်ကိုဆွဲယူသွားကာ ခွေးကိုချကျွေးနေသဖြင့် ဇဝါ မျက်လုံးပြူးနှင့်အံကြိတ်ကြည့်နေပြီး ဘာမှပြောခွင့်မသာ။
   ပွဲလည်း စနေပြီမို့ နှစ်ဖက်မိဘများနှင့် ရှေ့နေရှေ့ရပ်များ ၊ ဧည့်သည်တော်များ စုံညီချိန်တွင် ဘိသိက်ဆရာက အဖွင့်ပဏာမစကားပြောကြားဖို့ စင်ပေါ်တက်သွားသည်။ စင်ပေါ်မှာ ပိတ်ကားကြီးထောင်ထားကာ ဧည့်ခံပွဲရှိဧည့်ပရိသတ်တွေကို ဗီဒီယိုရိုက်၍မှတ်တမ်းယူနေသူတွေများလှသည်။ စည်ကားလှသည့်ဧည့်ခံပွဲမြင်ကွင်းကို ပိတ်ကားကြီးထက်မှာ တိုက်ရိုက်မြင်နေရ၏။
  
   'မင်္ဂလာသတို့သားမောင်ပိုင်ဇေထွဋ်နဲ့ မင်္ဂလာသတို့သမီးမလင်းအိန်ဂျယ်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးမယ့်အချိန်အခါကိုရောက်ရှိလို့လာပါပြီ..ကြွရောက်လာကြတဲ့ ရှေ့နေရှေ့ရပ်များနဲ့နှစ်ဖက်မိဘများရဲ့ရှေ့မှောက်မှာ အသိသက်သေထားပြီး လက်မှတ်ရေးထိုးဖို့ နေရာယူကြပါခင်ဗျာ...'
  
   ဘိသိက်ဆရာက မိုက်ခ်နှင့်အစပျိုးကြေညာချိန်တွင် သူ့နောက်ကျောဘက် ပိတ်ကားဖြူထက်မှ ငွေရောင်မျက်နှာဖုံးတပ်ထားသည့်မျက်နှာတစ်ခုပေါ်လာ၏။
  
   'မင်္ဂလာပါရှင်..ကျွန်မကတော့ The Fairy's principleရဲ့Adminပါ.. ဒီလိုအခမ်းအနားမျိုးမှာ အားလုံးပျော်ရွှင်သွားစေဖို့ ပျော်စရာလေးတွေ တင်ဆက်သွားမှာဖြစ်ပါတယ်...'
  
   ပိတ်ကားထက်မှ မိန်းကလေးအသံကြောင့် အားလုံး အံ့သြစွာ လှည့်ကြည့်ကြသည်။
  
   'ပထမဆုံးအနေနဲ့ မင်္ဂလာသတို့သားပိုင်ဇေထွဋ်ရဲ့စကားတွေကို နားဆင်ကြည့်လိုက်ကြရအောင်...'
  
   ငွေရောင်မျက်နှာကွယ်ပျောက်သွားကာ Record fileတစ်ခု၏ပုံစံပေါ်လာ၏။ ထိုrecord fileမှ ပီသရှင်းလင်းသောအသံတစ်ရပ် ထွက်လာသည်။
  
   'ဘေဘီ..အိန်ဂျယ့်ကိုခဏခေါက်ထားစမ်းပါ.. အစ်ကိုတို့ချစ်ကြဖို့ နှစ်ပါးသွားကကြဖို့ လွယ်လွယ်လေးဟာကို ဘာလို့ငြင်းနေတာလဲ.. ဒီ chatထဲမှာ sexအကြောင်းပြောတာ ရှက်စရာမှမဟုတ်တာ..မင်းနဲ့အစ်ကိုကလွဲပြီး ဘယ်သူမှမသိဘူးလေ..sexဆိုတာ သဘာဝပါ..လုပ်စမ်းပါ..အစ်ကို့ကိုမကြောက်နဲ့..'
  
   'ဘေဘီ.. မင်းကို အစ်ကိုပြောနေတာ အကြိမ်ပေါင်းမနည်းတော့ဘူး..မင်းလိုက်လျောမယ်ဆိုရင် အစ်ကိုက ဒီတိုင်းငြိမ်နေမယ်..အေး မလိုက်လျောဘဲ ဒီတစ်ခါလည်းထပ်ငြင်းဦးမယ်ဆိုရင်တော့ မင်းနဲ့ကိုယ့်ရဲ့ nakedပုံတွေ မင်းအိမ်ကိုပို့လိုက်မှာပဲ..ပုံအတုအစစ်ခွဲဖို့ခက်တဲ့နည်းပညာခေတ်ကြီးနော်..ခေါင်းခါမလား လက်ခံမလား ဘေဘီစဥ်းစား..ပိုင်ဇေထွဋ်ဆိုတဲ့ကောင်က ဘေဘီသာလက်ခံရင် အိန်ဂျယ့်ကို ပလစ်ခဲ့မှာ...'
  
   သဲကွဲကျယ်လောင်သည့်အသံကြီးကြောင့် အားလုံး ထိုင်မလိုထမလိုနှင့် ဟိုကြည့်ဒီကြည့်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြကာ ဘိသိက်ဆရာကိုယ်တိုင် ပိတ်ကားကြီးကိုပြူးကြောင်ကြည့်နေ၏။
  
   'ဟေ့..ဘယ်သူက အဲဲဒီ့ဟာဖွင့်နေတာလဲ..ပိတ်စမ်း..အခုပိတ်..'
  
   ပိုင်ဇေထွဋ်အသံကြီးဟိန်းထွက်လာကာ လက်ညှိုးကြီးတယမ်းယမ်းနှင့်ခြောက်ခြားစွာ အော်ဟစ်တော့သည်။
  
    'ဘာပိတ်ခိုင်းတာလဲ အယုတ်တမာကောင်..မင်း ဒီလိုလူမှန်းမသိလို့ ငါ့သမီးနဲ့သဘောတူခဲ့တာကွ..မင်း အတော်အောက်တန်းကျတဲ့ကောင်ပါလား...ဒီလက်ထပ်ပွဲကိုဆက်လုပ်ဖို့မလိုတော့ဘူး..ငါတို့ဘက်က ဖျက်တယ်...'
   
    သတို့သမီးဘက်က မိဘများ ဒေါသတကြီးအော်ဟစ်ဆဲဆို၍ ပွဲဖျက်ကြောင်း ကြေညာသည်။ အိန်ဂျယ့်ခမျာလည်း ပြိုတော့မည့်မိုးလို ငိုမဲ့မဲ့ဖြစ်နေကာ မူးမေ့မတတ် ရှော့ခ်ရသွားသဖြင့် ဘေးကလူတွေဝိုင်းထိန်းထားကြရသည်။ အိန်ဂျယ့်အကြည့်တွေ ကိကိဆီဝေ့လာတော့ ကိကိက ပီကေဝါးမပျက်နှုတ်ခမ်းလှုပ်ရင်း အေးဆေးစွာထိုင်နေ၏။ ဇဝါက ရုပ်ပျက်ဆင်းပျက် ပွက်လောရိုက်သွားသည့်အခြေအနေတွေကိုတစ်လှည့်၊ ကိကိနှင့်နိုမီ့ကိုတစ်လှည့်ကြည့်၍ မျက်ခုံးတွန့်နေကာ..
   
    'နင့်လက်ချက််မို့လား ကိကိ..နင် ဒီလိုတော့မလုပ်သင့်ဘူးနော်...'
   
     'ရှူး..တိတ်တိတ်နေ ဇဝါ..'
    
     ကိကိက လက်ညှိုးထောင်ပြစဥ် ကဲကဲက ဇဝါ့ကိုယ်ပေါ်ခုန်တက်လာသဖြင့် ဇဝါ အလန့်တကြားအော်သည်။
    
     'ဟဲ့ခွေး..သွား သွား... ကိကိ..နင့်ခွေးကိုခေါ်လေ...'
    
     'ကဲကဲက နင့်ကိုခင်နေတာဖြစ်မယ်ဇဝါရဲ့..နင်ကလည်း အဲလောက်မခါစမ်းပါနဲ့..'
    
     ဇဝါ ခွေးကိုတွန်းချသော်လည်း ခွေးက လူပေါ်ပြန်တက်လာမြဲဖြစ်ကာ ဇဝါ့ချိတ်လုံချည်ပေါ် အညစ်အကြေးစွန့်လေ၏။
    
     'အိုး...ဟဲ့ခွေး..ကြည့်စမ်း ငါ့ပေါ်ခွေးချေးတွေပါချပြီ...ဟဲ့..'
    
     ဇဝါ ခွေးကိုတွန်းခါချ၍ ထိုင်ရာမှထရပ်ကာ ဆတ်ဆတ်ခါနေတော့သည်။
    
     'အယ်...sorryနော်.. အားနာလိုက်တာဇဝါရေ.. ကဲကဲက အဲလိုပဲ အလိုက်မသိတတ်သေးဘူး.. ငါသူ့ကိုသန့်ရှင်းရေးလုပ်ပေးလိုက်ဦးမယ်...'
    
     ကိကိက နိုမီ့ကိုမျက်ရိပ်ပြ၍ ကဲကဲကိုပွေ့ခေါ်ကာ ထွက်လာခဲ့သည်။ နိုမီက လက်ဆောင်ပုံးကိုမမေ့မလျော့ယူ၍ သူမနောက်မှ ပါလာ၏။
    
     'ညီမလေးရေ..သတို့သမီးကို ဒီလက်ဆောင်ပုံးလေး ပေးဖြစ်အောင်ပေးလိုက်နော်..'
    
     လက်ဆောင်ပစ္စည်းတွေ လက်ခံသည့်နေရာရောက်တော့ ကောင်မလေးတစ်ယောက်ကို ပုံးအပ်၍ အသေအချာမှာခဲ့သည်။ သူမတို့နှစ်ယောက် ကားထဲဝင်ထိုင်လိုက်စဥ် အိန်ဂျယ် ပဝါတန်းလန်းနှင့် အူယားဖားယားပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
    
     'မမအိန်ဂျယ်..မမသူငယ်ချင်းနှစ်ယောက်က မမကိုလက်ဆောင်ပေးသွားတယ်...'
    
     အိန်ဂျယ် သောကများနှင့် ပြည့်ကြပ်ပူလောင်နေသည်မို့ ကိကိထားခဲ့သည့်လက်ဆောင်ပုံးကို ဒေါသတကြီးဖွင့်ကြည့်သည်။ လက်ဆောင်ပုံးထဲမှာ မြင်လိုက်ရသည့်အရာကြောင့် 'အမယ်လေး'ဟုအော်ဟစ်၍ ထိုနေရာမှာတင် ပုံလျက်သား လဲကျသွားတော့သည်။
    
     'ကိကိ.. နင် ဘာလက်ဖွဲ့ထားခဲ့တာလဲ...'
    
     နိုမီက ကားပေါ်ရောက်မှ သတိတရမေးသည်။
    
     'အိန်ဂျယ့်လို Ophidiophobiaအတွက် ဘာလက်ဆောင်ဖြစ်မလဲ...'
    
     'မြွေ..အဲ..မြွေလား...နင် တကယ်ကြီးမြွေထည့်ထားတာလား..'
    
     'မြွေရုပ်ပါ.. ဒါပေမဲ့ အိန်ဂျယ် ဆေးရုံမှာနှစ်ရက်လောက်အိပ်ရမယ်...'
    
     'ဟယ် ကိကိရယ်..'
    
     နိုမီ ကိကိစီစဥ်ပုံတွေကို ဆလံသသွားလေသည်။
    
     'နင့်ကို စိတ်အနှောင့်အယှက်ပေး၊ သောကပေးတဲ့ဟာတွေကို သင်ခန်းစာပေးပြီးပြီဆိုတော့ Galaxy Restaurantမှာ အေးအေးဆေးဆေးအနားယူပြီး cheerလုပ်ကြစို့...'
    
     'ကောင်းလိုက်တဲ့အကြံ...shakeလိုက်ပါဦး..'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now