✨ဦးဆွေးဆံမြည့်-၂၈✨

3.7K 159 34
                                    


'နေစက်ကွင်းထက် အဆရာထောင်ဆိုးတဲ့ကောင်မျိုးပဲ...'

လုလင် ခပ်ကျိတ်ကျိတ်ညည်းညူရင်း စားပွဲပေါ်ကကော်ဖီကိုပင် သောက်ဖို့မေ့နေသည်။

'နေစက်ကွင်းက ဥပဒေကိုမုန်းလို့ သူ့အမှန်တရားနဲ့သူ အမှောင်ဘက်ခြမ်းမှာရှိနေခဲ့ပေမဲ့ ညီ့အတွက် ဗီလိန်မဟုတ်ခဲ့ဘူး.. လီဆယ်ဉာဏ်များပေမဲ့ အကောက်အကွေ့မရှိဘူး.. အခု ရာဇ်က အတော်ကြောက်ဖို့ကောင်းတယ်... မျက်လုံးတွေကလည်း တစ်မျိူးပဲ..ပုံမှန်မဟုတ်ဘူး.. သူ့ကိုတွေ့ပြီး ပြန်လာကတည်းက အခုချိန်ထိ ခံစားချက်လုံးဝမကောင်းဘူး.. စနိုးစနောင့်နဲ့ စိတ်ထင့်နေတယ်...'

ပြောရင်း ကော်ဖီသောက်နေသည့်သူ့ကို တစ်ချက်လှည့်ကြည့်သည်။

'ကိုကိုရော ရာဇ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား ဘာတွေမြင်မိသေးလဲ..'

သူက ပူပင်သောကများနေသလောက် ဒီအစ်ကိုကတော့ ကော်ဖီသောက်မပျက်ပါလား။ ရာဇ်ကို သွေးသားသံယောဇဥ်နည်း၍များ ဒီလောက်ထိ အေးစက်စက်နေနိုင်ရသလားဟု တွေးမိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်ရသည်။ သူ မည်မျှပင် လူကဲခတ်တော်စေကာမူ ကိုကို့ကို ဘယ်သောအခါမှ မခန့်မှန်းနိုင်။ သူ့အကဲခတ်နိုင်စွမ်းကိုကျော်လွန်၍ လျှို့ဝှက်လွန်းသည့် ကိုကို့မျက်လုံးတွေကို တစ်ချက်တော့ စိုက်ကြည့်မိရင်း..

'ကိုကို ရာဇ်ဆီသွားပြီး ဖျောင်းဖျနားချပေးပါဦးလား..ညီကတော့ ရာဇ်သာ အသိတရားဝင်မယ်ဆို နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်ဖြစ် ရအောင်ဖြေရှင်းနိုင်တယ်..'

သူ့မှာ အမှုအကြောင်းပင် မတွေးနိုင်အားဘဲ အစ်ကို့ကို အိမ်ခေါ်ပြီး အပူကပ်ရသည့်အဖြစ်။ ပြဿနာတွေရှုပ်ထွေးနေဆဲအချိန်မို့ ညီမလေးကိုလည်း စစ်ကိုင်းတောင်မှာ ဆက်နေဖို့ တိုက်တွန်းထားရသည်။ ဒီအချိန်မှာ ညီမလေးကို ဘာမှပေးမသိခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

'ကိကိလည်း အရင်တုန်းက နာကျင်ကြေကွဲစရာအဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရပြီးပြီ.. ဒီဘဝမှာတော့ သူ့ကိုထပ်ပြီး မခံစားရစေချင်ဘူး.. ဘာအနှောင့်အယှက်မှမရှိဘဲ ကိုကိုနဲ့အတူ အေးအေးချမ်းချမ်းလေး နေသွားစေချင်တာ၊ ဒါပေမဲ့ ရာဇ်က ကိကိကို ဒုက္ခပေးချင်နေတယ်..သူဘာတွေကြံစည်နေသလဲမသိဘူး... ဟူး... ရင်မောပါတယ် ကိုကိုရာ...'

လုလင် စိတ်ညစ်ညူးစွာ သက်ပြင်းမောချလိုက်မိသည်။

'သိပ်လည်း မစိုးရိမ်ပါနဲ့ ညီ... ရာဇ်ကို သူ့အရှိန်နဲ့သူ လွှတ်ထားလိုက်ပါ.. ကိကိအတွက်လည်း မပူနဲ့.. ကိုကိုက သူ့ကို အဆုံးစွန်ထိကာကွယ်ပေးမှာမို့လို့..'

စစ်သည်ထံမှ နှစ်သိမ့်စကားက ထိုမျှသာဖြစ်၏။

'ကိကိနဲ့ညီမလေးကို ဘာလို့ဆုံမပေးတာလဲဆိုတာ ညီအခုမှ သဘောပေါက်တော့တယ်...ရာဇ်ကြောင့်ကိုး...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now