✨ဦးဆွေးဆံမြည့်-၂၃✨

3.7K 206 49
                                    


'ပြောစမ်း... ကတ်ဘယ်မှာလဲ..'

'ကျ..ကျွန်တော်တို့မသိ..မသိပါဘူး...'

'ကဲ...မသိဦး..'

ကျောပြင်ထက်သို့ အရှိန်ပြင်းစွာကျရောက်လာသည့်ရိုက်ချက်ကြောင့် ကျောကော့သွားသော်လည်း မငိုညည်းရဲ။

'မင်းတို့ကို ရှာဖို့တစ်လနီးပါးလောက်ကြာခဲ့တယ် သောက်ကောင်တွေရ... ဒါတောင် ကတ်ကိုခိုးသွားပြီး ဘယ်ရောက်သွားမှန်းမသိဘူး ဟုတ်လား...'

မျက်နှာကြက်မှသွယ်ထားသည့်ချိန်းကြိုးနှင့် ချည်နှောင်ခံထားရသဖြင့် တွဲလောင်းကြီးဖြစ်နေသူက ခန္ဓာကိုယ်ရှိ ဒဏ်ရာဒဏ်ချက်များကြောင့် အသည်းခိုက်အောင်နာကျင်သည့်ဝေဒနာကိုခံစားနေရလျက် အသက်ကိုမနည်းရှူနေရသည်။ သူ့ဘေးမှတစ်ယောက်သည်လည်း သေမိန့်ကျရာဇဝတ်သားကဲ့သို့ ခေါင်းငိုက်စိုက်ကျနေ၏။

'ကျွန်တော်တို့..ကျွန်တော်တို့ဆီကနေ မိန်းကလေးတစ်ယောက် လုယူသွားတာပါ...'

ထင်ကျော်စောက ထိုင်ခုံပေါ်ထိုင်နေရာမှထရပ်၍ စိတ်မရှည်သည့်ဟန်ဖြင့် ထိုလူ့အနားသို့လျှောက်လာသည်။ တိုင်းကြည်ဖြူက ဆေးတံဖွာရင်း သူတို့စစ်ဆေးမေးမြန်းနေတာကို စောင့်ကြည့်နေ၏။

'ဘယ်မိန်းကလေးက ယူသွားတာလဲ..ပြော..အဲဒီ့ကတ်ကို ဘယ်လိုမိန်းကလေးကများ အလစ်သုတ်သွားရဲသလဲ..'

'ဟို...ကျွန်တော် သူ့ရုပ်ကိုသေချာမမှတ်မိ..'

'ကိုင်း...မမှတ်မိဦး...'

စတီးလ်ကြိုးနှင့်ရွှမ်းခနဲရိုက်ချလိုက်သဖြင့် ထိုလူ မျက်နှာမော့ထားရင်း တစ်ကိုယ်လုံးတုန်ယင်နေသည်။

'ဆယ်ခါပြန်သေသင့်တဲ့ကောင်တွေ..ငရဲကိုအရောက်ပို့ပေးမယ် ကိုင်းဟာ ကိုင်းဟာ...'

ရိုက်ချက်တွေဆက်တိုက်ကျရောက်လာတာကို မချိမဆံ့ခံနေရပြီး ငိုရှိုက်သံတွေပါထွက်လာသည်။

'ကျွန်တော်တို့ သူ့..သူ့မျက်နှာကိုဖမ်းမရပေမဲ့ အဲဒီ့..အဲဒီ့မိန်းကလေးက လူကောင်သေးသေးနဲ့ပါ.. သူ သူကျောက်စိမ်းလိုလို လော့ကက်နဲ့ဆွဲကြိုး ဝတ်ထားပါတယ်ဆရာ...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now