✨ဦးဆွေးဆံမြည့်-၃၀✨

4K 254 40
                                    


'လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ....'

အကြိမ်(၂၀)မြောက် ဖုန်းခေါ်သော်လည်း လူကြီးမင်းနှင့်တိုးနေသဖြင့် ကိကိစိတ်မရှည်တော့ဘဲ ဖုန်းကိုအိပ်ရာပေါ် ပစ်ချမိသည်။

သူဘာလို့ဖုန်းမကိုင်တာလဲ။ အလုပ်မအားလို့ဆိုလျှင်တောင် ဒီလောက်ဖုန်းခေါ်နေတာကို တစ်ခါလောက်တော့ ပြန်ဖြေသင့်သည်မဟုတ်လား။ ဖုန်းက အနားမှာမရှိလို့လား။ လူနှင့်ဝေးနေလို့လား။ ဝေးနေလျှင်တောင် သူမဖုန်းခေါ်နေတာ တစ်နာရီကျော်ပြီမို့ ဖုန်းပြန်ဖြေချိန်မရှိလောက်အောင် အလုပ်များနေတာမျိုးတော့ မဖြစ်နိုင်ဘူး။
အရေးထဲမှာ ကဲကဲက သူမကိုပွတ်သီးပွတ်သပ်လာလုပ်နေသဖြင့် မကြည်လင်သည့်စိတ်အခံကြောင့် ကဲကဲကိုပါ ခုတင်အောက်သို့တွန်းပို့လိုက်၏။

'သူ့ဆီဖုန်းခေါ်လို့မရလို့ ညစ်နေပါတယ်ဆို နင်ကတစ်မျိုး...'

ကဲကဲကိုသူ့အိပ်ရာထဲ မအိပ်ချင်ချင် အိပ်ချင်ချင် အတင်းထည့်သိပ်ပြီးမှ ဖုန်းထပ်ခေါ်ပြန်တော့ ဖုန်းက မကိုင်သည့်အပြင် စက်ပိတ်ထားသည်ဟုပါ အကြောင်းကြားလာသဖြင့် ကိကိ ဖုန်းကိုပြူးပြူးပြဲပြဲထောင်ကြည့်သည်။ သူက ဖုန်းပါ စက်ပိတ်သွားပြီလား။ ဒါဆို တမင်မကိုင်တာ သေချာနေပြီပဲ။

'ဘာလို့လဲ...ဘာလို့လဲကွာ... ဒါ ငါ့ကိုအရေးမလုပ်တာ ..ဥပေက္ခာထားလိုက်တာပဲမဟုတ်ဘူးလား...ပါးပါးက တစ်မျိုး သူက တစ်မျိုး ငါ့ကိုရူးအောင်လုပ်နေကြတယ်...'

အိပ်ရာပေါ် ကန့်လန့်ဖြတ်ပစ်လှဲရင်း မချင့်မရဲအော်မိသည်။ လူက ဂဏှာမငြိမ်ဘဲ ခြေနှစ်ဖက်ပါလှုပ်ရွနေကာ မွေ့ရာကိုပါ လက်ဝါးနှင့် တဗျန်းဗျန်းရိုက်ချ၏။ ဒီနေ့ ပါးပါးက သူ့ကိုမေ့လိုက်ဖို့ပြော၍ အိမ်ထောင်ချပေးမည်ဟုပါ ကောက်ခါငင်ခါ အသိပေးခဲ့သည်။ သူနှင့်ပါးပါးကြားမှာ ဘာပြဿနာတွေရှိနေသလဲ။ သူမ ဒါကိုသိရမှဖြစ်မည်။ တွေးရင်း ဖုန်းကို ဆတ်ခနဲကောက်၍ ကားသော့ယူပြီး ထွက်လာခဲ့သည်။
ဧည့်ခန်းထဲမှာ ဖြူစင်လွန်းနှင့်နီနီက ခေါင်းချင်းဆိုင်၍ ဖုန်းကြည့်နေကြ၏။ ဖြူစင်လွန်းက ကိကိကိုမြင်တော့ လက်ယပ်ခေါ်သည်။

'မမကိ..မမကိ လာကြည့်ပါဦး..မြို့စွန်မှာ ထူးဆန်းတဲ့မြေပြိုမှု၊ မီးလောင်မှုကြီးဖြစ်လို့တဲ့.. သတင်းတွေ ပလူပျံနေတာပဲ.. '

သူမဆီပြေးလာကာ ဖုန်းထောင်ပြနေသဖြင့် ကိကိ ထိုVideo fileကိုကြည့်မိသည်။ အစိမ်းရောင်အလင်းတန်းတွေကြား မြေစိုင်မြေခဲတွေ တဝုန်းဝုန်းပြိုလျက် သားသတ်ရုံ၏အဆောက်အဦးမှာ မီးတောက်တွေ တဟုန်းဟုန်းတက်နေပုံက ထိတ်လန့်ဖွယ်ပင်။ ကိကိ ထိုမြင်ကွင်းကိုကြည့်ရင်း တရှိန်ရှိန်တက်နေသည့်မီးတောက်များက ဖီးနစ်ငှက်၏အသွင်ဖြင့် ဖြန့်ကြက်သွားပုံကို သတိထားမိလိုက်ကာ မျက်ခုံးတန်းလေးတွေ တွန့်ကွေးသွား၏။ ဒီအစိမ်းရောင်အလင်းတန်းနှင့်ဖီးနစ်မီးတောက်ဟာ....

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now