🔥နတ်စစ်သည်ကိုမွေးဖွားခြင်း(၅)နှစ်ပြည့်🔥

2.3K 97 22
                                    

    နတ်စစ်သည်ကို ပုံဖော်ခြင်း(၅)နှစ်ပြည့်

  ဟယ်ရန့်ရဲ့ပထမဆုံးမဟုတ်ပေမဲ့ ပထမဆုံးပွဲဦးထွက်လို့ပြောရမယ့် နတ်စစ်သည်ဇာတ်ကောင်ကို ပုံဖော်ခဲ့တာ ဒီနေ့ဆို (၅)နှစ်ပြည့်ခဲ့ပြီ။ နတ်စစ်သည်ဆိုတဲ့ နာမည်ကို စပြီးတွေးမိရာကနေ နာမည်နဲ့လိုက်ဖက်တဲ့ typeမျိုးကို ဘယ်လိုပုံဖော်ရမလဲ စဥ်းစားခဲ့တယ်။ ဟယ်ရန်က Supernatural crazyမို့ နာမည်နဲ့လိုက်အောင် Supernaturalပုံစံမျိုးရေးမယ်တွေးတယ်။ ဖီးနစ်ငှက်ရဲ့အကြောင်းကို ဆောင်းပါးဖတ်မိရာကနေ ဖီးနစ်ငှက်လို immortalကိုအသွင်ယူပြီး ဒီဇာတ်ကောင်ကိုဖန်တီးဖြစ်ခဲ့ပါတယ်။
 
  နတ်စစ်သည်ဆိုတဲ့အတိုင်း Super powerတွေနဲ့ မွေးဖွားလာတဲ့ကျောက်စိမ်းအသက်ဓာတ်ပိုင်ရှင်က မိသားစုထဲမှာ သားကြီးသြရသအဖြစ် အဖေ့ရဲ့တာဝန်တွေကို လွှဲယူရမယ့်သူဖြစ်လာတယ်။ ရေခဲတုံးဇာတ်ကောင်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဖီးနစ်ငှက်ရဲ့အသွင်ကိုယူပြီး တာဝန်တွေအတွက် အရာအားလုံးကိုစတေးရတဲ့သူ။
 
အေးတိအေးစက်နဲ့စကားနည်းပြီး မိတကွဲဖတကွဲ တစ်ကောင်ကြွက်အဖြစ်ရှင်သန်ခဲ့ရပေမဲ့ သူ့ဘဝသူ လေလွင့်မသွားအောင် ရပ်တည်နိုင်ခဲ့တဲ့လူပေါ့။
  မိဘအုပ်ထိန်းမှုအောက်မှာ နေခွင့်မရတဲ့ကလေးတွေရဲ့ထုံးစံအတိုင်း နည်းနည်းပါးပါး ကလေကချေဆန်တာ၊ ဖရိုဖရဲနိုင်တာ၊ အသောက်အစားမကင်းတာလည်း သူ့ရဲ့စရိုက်တစ်မျိုးပါပဲ။
 
  ဟယ်ရန်က wavy hair crazyမို့ နတ်စစ်သည်ရဲ့ပုံစံကို အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဆံပင်လှိုင်းတွန့်အခွေတွေနဲ့ သိပ်မချောဘဲ ရှိရင်းစွဲအသက်ထက်ပိုပြီး အချိန်စောရင့်ကျက်တဲ့ပုံစံမြင်ယောင်ပြီးရေးပါတယ်။ ကျောက်စိမ်းစွမ်းအင်ကြောင့် မျက်လုံးတွေနဲ့ရင်ဘတ်သွေးကြောတွေကအစ စိမ်းတယ်ဆိုတာလည်း ယုတ္တိမရှိပေမဲ့ detailကျမယ်ထင်ပါတယ်။ ဝတ်ပုံစားပုံကတော့ gentlemanဘက်မသွားပါဘူး။ ဂျက်ကက်တွေပဲအဝတ်များတဲ့ ဟိမဝန္တာသခင် သီဟစက်ရဲ့ညာလက်ရုံးသက်တော်စောင့်ကြီးပေါ့။
 
   ခံစားချက်မဲ့ပြီးအေးစက်တဲ့ ၊ လျှို့ဝှက်ပြီးခန့်မှန်းရခက်တဲ့ပုံစံပေမဲ့ အတွင်းအဇ္ဇျတ္တ မူရင်းဗီဇက နူးညံ့သိမ်မွေ့ပြီး သံယောဇဥ်အစွဲအလမ်းကြီးတတ်သူတစ်ယောက်ဖြစ်နေပြန်ရော။ 
  
   သူ ဘယ်လိုပဲရှင်သန်ခဲ့ပါစေ သူ့မိသားစုကို နည်းနည်းလေးတောင် အထိခိုက်မခံတဲ့သူမျိုး၊ သူ ကလဲ့စားချေရမယ့်လမ်းစဥ်မှာတောင် သူ့ညီကိုrespectထားပြီး ဥပဒေဘောင်အတွင်းကနေပဲ လှုပ်ရှားခဲ့တာမျိုးပါ။
   နတ်စစ်သည်က မိသားစုနဲ့အဝေးမှာရှင်သန်ခဲ့ရတဲ့သူမို့ ဧည့်သည်အဖြစ်နဲ့ခဏရောက်လာတဲ့ကိကိကိုကျောက်စိမ်းလည်ဆွဲတောင် အပိုင်ပေးခဲ့အထိ သံယောဇဥ်တွယ်ခဲ့တယ်။ ကိကိကိုချစ်မိနေမှန်းသိလိုက်ချိန်မှာ စည်းအထပ်ထပ်ခြားခဲ့ပြီးပြီမို့ ဆောက်တည်ရာမရ ရင်ကွဲနာကျခဲ့ရတယ်။
   တခြားသူရဲ့ရှေ့ဖြစ်ကိုသိနိုင်ပေမဲ့ ကိကိရဲ့ကံကြမ္မာကို ကြည့်ဖို့မဝံ့ရဲခဲ့လို့ ခံစားချက်တွေကိုမျိုသိပ်ခဲ့ရတယ်။ သူတစ်ယောက်တည်း မွန်းကြပ်ခံစားခဲ့ရတာတွေကို သူ့သူငယ်ချင်း ဓူဝံကြယ်ကိုပဲ မူးမူးရူးရူးနဲ့ရင်ဖွင့်ခဲ့တဲ့သူပါ။
  
   နတ်စစ်သည်ရဲ့ခံစားချက်ကို နားလည်နိုင်ဆုံးက စစ်လုလင်ပြီးရင် သိမ်းငှက်ကြီးဓူဝံကြယ်ပါပဲ။ ဓူဝံကြယ်က နတ်စစ်သည်နဲ့ သူ့သမီးကိန္နရီကို သဘောတူနိုင်ပါ့မလားဆိုတာကိုလည်း Season2မှာ စောင့်ဖတ်ရမှာပါ။
  
   စည်းကိုရေးတဲ့ကာလတစ်လျှောက်လုံး နတ်စစ်သည်ရဲ့နေရာကနေ moodသွင်းရတဲ့အချိန်က အပင်ပန်းဆုံးပါ။ နတ်စစ်သည်ကိုတစ်ဖက်သတ်ချစ်နေရတဲ့ကိကိနေရာက ခံစားကြည့်ရင် ရင်မောစရာလို့ထင်ရပေမဲ့ နတ်စစ်သည်နေရာက ခံစားရင် ပိုပြီးမွန်းကြပ်စရာကောင်းတယ်ဆိုတာ နတ်စစ်သည်ဖန်တွေ အသိဆုံးဖြစ်မှာပါ။ ဟယ်ရန့်အတွက် နတ်စစ်သည်ဇာတ်ကောင်မျိုးက နောက်တစ်ကြိမ်ရှိမလာနိုင်တော့ပါဘူး။
   ဟယ်ရန့်ဇာတ်ကောင်တွေထဲမှာ သူက လူကြိုက်အနည်းဆုံးဖြစ်ပေမဲ့ ဟယ်ရန့်ကိုအစောဆုံးအားပေးလာတဲ့ ကနဦးပရိသတ်တွေအတွက်တော့ နတ်စစ်သည်က အချစ်ဦးဖြစ်လိမ့်မယ်ထင်ပါတယ်။
   စည်းကို specificနဲ့ပထမဆုံးဖတ်ခဲ့တဲ့အုပ်စုကတော့ စစ်လုလင်ဖန်တွေပါပဲ။
  
   စာဖတ်သူတစ်ယောက်က မေးဖူးတာရှိတယ်၊ ဟယ်ရန်က Male leadအားလုံးကို စုဝေးပြီး ဇာတ်အိမ်တည်ဆောက်ခဲ့မယ်ဆိုရင် ဘယ်သူက roleအမြင့်ဆုံးဖြစ်မလဲတဲ့။ ဘယ်နှခါမေးမေး roleအမြင့်ဆုံးက ပထမဆုံးဇာတ်ကောင် နတ်စစ်သည်ပါပဲ။
   အခု Ongoing Born to love youမှာလည်း သူ့ရဲ့typeက ပြောင်းလဲမသွားပေမဲ့ ကိန္နရီကို ဘယ်လောက်ထိချစ်မြတ်နိုးခဲ့သလဲဆိုတာ heavy romanceတွေနဲ့ဖတ်ရမှာပါ။ ဦးဆွေးဆံမြည့်ဆိုတဲ့အတိုင်း နတ်စစ်သည်ရဲ့ဆံပင်plotတွေလည်း ပါလာဦးမှာပါ။
  
   နတ်စစ်သည်  roမယ့်အခန်းကိုစောင့်နေသူတွေက သတ်သတ်ရှိနေတာမို့ ဆန္ဒတွေပြည့်ရပါစေမယ်လို့ အာမခံပါတယ်။
   ယူတို့ရဲ့ ရေခဲတောင်ဂူအောင်း ကျောက်စိမ်းအသက်ဓာတ်ပိုင်ရှင် Supernatural immortalလူသား ဖီးနစ်ငှက်ကြီးနတ်စစ်သည်ကို ဒီ့ထက်ပိုပြီး ချစ်ပေးကြပါဦး။
   
   ဟယ်ရန်နေကြာ

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now