✨ဦးဆွေးဆံမြည့်-၁၇✨

4.1K 222 70
                                    


'ဦးနတ်ရေ...လုပ်ပါဦး...'

ရေချိုးခန်းထဲမှ အသံကြောင့် သူ ရေချိုးခန်းတံခါးဝထိပြေးလာသည်။ အခန်းထဲမဝင်ဖြစ်သေးဘဲ..

'ဘာဖြစ်သလဲ ကိန္နရီ..'

'ရေပန်းခလုတ်ရှာမတွေ့ဘူး..ခေါင်းလျှော်ရည်အမြှုပ်တွေမျက်လုံးထဲဝင်ကုန်လို့ စပ်နေတာတအားပဲ...'

'ဟင်...'

'ခေါင်းလျှော်မယ်ဆိုပြီး ခလုတ်ခဏပိတ်ထားတာ..မြန်မြန်လာပါ...စပ်နေပြီ..'

သူမက ငိုသံပါလာသဖြင့် သူရေချိုးခန်းတံခါးဖွင့်၍ အထဲဝင်လာသည်။ မီးရောင်အောက်မှာ တဘက်ရင်လျားနှင့် မျက်လုံးပွတ်နေသည့်သူမကြောင့် ရေပန်းခလုတ်ကို အလျင်စလို​ဖွင့်လိုက်၏။ ရေတွေတဖျောဖျောကျလာမှ ကိကိမျက်နှာကိုရေနှင့်မော့ဆေးရင်း ဆပ်ပြာရည်တွေစီးနေသည့်နေရာကို ခြေချမိလျှင်..


'အမလေး ...'

ဆပ်ပြာရည်ကြောင့် ခြေချော်ကာ လန့်ဖျပ်အော်ရင်း အဝတ်စင်ကို နောက်ပြန်ထိန်းကိုင်ထားလိုက်ရသည်။ ထိုအခါ ရင်လျားထားသည့်တဘက်က ပြေကျသွားလေသည်။


အပြင်ပြန်ထွက်ဖို့ဟန်ပြင်နေသည့်သူက သူမအော်သံကြောင့် ပြန်လှည့်လာကာ သူမအဖြစ်ကိုမြင်သွားသဖြင့် မျက်လုံးထဲ မီးပွားတွေဖြာထွက်ကုန်သည်ထင်၏။

ရုတ်တရက် ကြောင်ကြည့်နေစဥ် ကိကိ ရှက်စိတ်ကြောင့် စင်နောက်သို့ ခုန်ပေါက်ကွယ်ရပ်ပစ်သည်။ သူလည်း ဘာလုပ်ရမှန်းမသိဖြစ်နေပြီးမှ နံရံက မီးခလုတ်ကို ယောင်ယမ်း၍ လက်နောက်ပြန်ပိတ်မိသွား၏။

'ဦးနတ်... သမီး သမီး ချော်လဲမှာစိုးလို့...'

အရေးထဲမှာ ကျောက်စိမ်းလော့ကက်က အရောင်ထွက်နေသည်မို့ ကိကိထိုလော့ကက်ကို လက်နှင့်အုပ်ထားရပြန်သည်။

'sorry..မင်း ဘာထပ်ဖြစ်ပြန်ပြီလဲလို့...'

'မီးမဖွင့်နဲ့ဦးနော်... တဘက်.. တဘက်က ဘယ်ရောက်သွားလဲမသိဘူး အရေးထဲ..'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now