✨ဦးဆွေးဆံမြည့်-၁၁✨

4.1K 202 39
                                    

'ဟိုနေ့က လူသတ်မှုသတင်း အရမ်း hotဖြစ်နေတယ်...'

နိုမီက မစ်ရှိတ်ဘူးနှစ်ဘူးယူလာကာ ကိကိကို တစ်ဘူးကမ်းပေးသည်။ ကိကိက Laptopကိုသာ သဲကြီးမဲကြီးကြည့်လျက် အလုပ်များနေသည်မို့ နိုမီကပဲ အလိုက်သိစွာ မစ်ရှိတ်ဘူးအဖုံးဖွင့်ပေး၏။ ပိုက်ပါတစ်ခါတည်းတပ်ပေးလိုက်သဖြင့် ကိကိ မစ်ရှိတ်ကိုတစ်ငုံသောက်၍..

'နိုမီ...'

'ဟင်...'

'ငါတို့ ဟိုတစ်ခါ ကလျာဏဘက်သွားတုန်းက မလိမ့်တစ်ပတ်နဲ့ယူလာတဲ့ကတ်ကို မှတ်မိလား...'

Laptopအကြည့်မပျက်ဘဲ မေးနေသဖြင့် နိုမီက ကိကိထိုင်နေသည့်ခုံလက်ရန်းမှာ တင်ပါးလွှဲထိုင်၏။

'အင်း မှတ်မိတယ်လေ...'

'အခု ငါအဲဒီ့ကတ်ကို ဒီထဲထည့်ပြီးစမ်းဖွင့်ကြည့်နေတာ.. နာမည်ကြီးလုပ်ငန်းရှင်တချို့ကို listလုပ်ထားတယ်ဟ.. ဒီ listက ဘာအတွက်လဲမသိဘူး.. ငါ့ပါးပါးနာမည်လည်းပါတယ်...'

'ဟမ်...'

နိုမီ Laptop screenကိုမျက်နှာထိကပ်မတတ် ပြူးပြဲကြည့်၍ ဟမ်ခနဲဖြစ်သွားသည်။

'ဒုက္ခပဲ..ငါက hackerလည်းမဟုတ်ဘူး..codeတွေခံထားတော့ ဆက်ကြည့်လို့မရဖြစ်နေတယ်...'

'နင်ကလည်း ကိုယ်နဲ့မဆိုင်တဲ့ကတ်ကို သူများဆီက အတင်းလုလာတာလေ..'

'ဘာလို့မဆိုင်ရမှာလဲ.. ဒီလူတွေ အဲဒီ့ကတ်ကိုခိုးလာကြတဲ့ပုံစံပဲ.. ငါ့ပါးပါးနာမည်လည်း ပါနေတဲ့ဟာ... ကတ်ထဲမှာကြီးကျယ်တဲ့ကိစ္စကြီးတစ်ခု ရှိကိုရှိရမယ်.. ဒီ codeတွေဖြည်နိုင်ရင် သိမှာပဲ...'

ကိကိက ကတ်ကိုပြန်ထုတ်၍ Laptopပိတ်လိုက်သည်။ ကျောပိုးအိတ်ထဲက ကင်မရာထုတ်လိုက်ပြီး ဟိုရက်ပိုင်းက လူသတ်မှုဖြစ်စဥ်ကိုရိုက်ထားသည့် မှုခင်းဓာတ်ပုံတွေကို တစ်ပုံချင်းစီ ပြန်ကြည့်၏။

'နိုမီ တွေ့လား.. ဒီအလောင်းမျက်နှာကိုသေချာကြည့်. ငါ ရထားတဲ့ကတ်နဲ့ပတ်သက်တဲ့ လူသုံးယောက်ထဲက တစ်ယောက်ပဲ..'

နိုမီ့ကို ပုံတွေပြနေတော့ နိုမီက ခေါင်းတဆတ်ဆတ်ညိတ်ရင်း..

'အင်း.. နင်ပြောမှပဲ အမှုကစိတ်ဝင်စားစရာကောင်းနေပြီ.. နင် သတင်းထောက်မလုပ်ဘဲ စုံထောက်လုပ်ပါလား...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now