✨ဦးဆွေးဆံမြည့်-၂၅✨

3.9K 233 62
                                    


'Phogaiလုပ်ငန်းစုကုန်သွယ်ရေးလမ်းကြောင်းက ၂၀ရက်နေ့ကနေ မနေ့က ၈ရက်နေ့ထိရှင်းပါတယ်ဆရာ..ဒီရက်ပိုင်းငြိမ်သွားတယ်ပြောရမယ်...'

ဇွဲမင်းညိုက ထုံးစံအတိုင်းတင်ပြသည်။ လုလင်က မှတ်တမ်းစာအုပ်ကြီးကိုပိတ်လိုက်ပြီး..

'သူတို့ အခုတော့ငြိမ်နေကြမှာပေါ့.. တို့ဘက်က အရမ်းတင်းကြပ်ထားတာကိုး.. တစ်ခုတွေးမိထားတာရှိတယ်.. ဖာသာမောလစ်ပျောက်သွားတာနဲ့Phogai ဘက်က ငြိမ်နေတာ တိုက်ဆိုင်တာလားပဲ.. နေ့စွဲတွေကလည်း သိပ်မကွာဘူး..ဆရာတို့ တိုင်းကြည်ဖြူရဲ့Personal detailတွေ ရသလောက်စုဆောင်းရမယ်..သံသယတရားခံအဖြစ်စာရင်းသွင်းထားတဲ့လူတစ်ယောက်ရဲ့နောက်ကြောင်းရာဇဝင်ကိုအသေးစိတ်သိနိုင်မှ သက်သေအဖြစ်ဆုပ်ကိုင်လို့ရမှာ..ပြီးတော့ ဒီရက်ပိုင်းသူတို့ငြိမ်နေတယ်ဆိုတာ တစ်ခုခုကြံစည်နေလို့လည်းဖြစ်နိုင်တယ်.. '

'ကျွန်တော်တို့ဘက်က မျက်ခြည်မပြတ်စောင့်ကြည့်နေပါတယ်ဆရာ.. '

ဇွဲမင်းညိုက စေ့စပ်သေချာပြီး စနစ်ကျသူမို့ လုလင်အကြွင်းမဲ့ယုံကြည်စိတ်ချထားပြီးသားဖြစ်၏။

'ဪ....ဒါနဲ့ဆရာ... ဆရာ့အတွက်ဆိုပြီး ပါဆယ်ထုပ်ရောက်လာတယ်ခင်ဗျ..ကျွန်တော့်စားပွဲမှာသိမ်းထားပါတယ်...သွားယူလာခဲ့မယ်နော်ဆရာ...'

'ဟေ...အေးအေး...'

ဇွဲမင်းညိုက အခန်းထဲမှပြန်ထွက်သွားပြီးမကြာခင် ပါဆယ်ပုံးယူ၍ ပြန်ဝင်လာ၏။ ဖဲပွင့်တွေနှင့်လှပစွာ စည်းနှောင်ထုပ်ပိုးထားသည့် ကြည်ပြာရောင်ပုံးမှာ Hello kitty stick noteတစ်ခုကိုမြင်လိုက်ရလျှင် သူ မျက်မှန်ကို ယောင်ယမ်း၍ချွတ်မိသွား၏။
stick noteမှာ 'ဦးစစ်လုလင်ထံသို့ ချစ်ခြင်းများစွာဖြင့် နေအဇဋာ' ဟု အစပျိုးထားသည့်လက်ရေးလှလှလေးက သူ့နှလုံးခုန်သံကို ပုံမှန်ထက် ပိုမြန်စေ၏။ သူ မျက်မှန်ပြန်တပ်၍ ဣန္ဒြေမပျက် တည်ငြိမ်စွာ စာဖတ်ရသည်။ သူ့ဆီသို့ စာတွေ၊ လက်ဆောင်တွေ ရောက်လာတတ်သည်မှာ တစ်ခါနှစ်ခါ မကတော့ပါ။ သူ့ဘက်က ပြန်စာ တစ်ခါမှမပို့သော်လည်း ထိုစာတွေကတော့ ရုံးသို့ဖြစ်စေ အိမ်သို့ဖြစ်စေ လစဥ်လတိုင်း ပုံမှန်ရောက်လာတတ်မြဲဖြစ်၏။ သူ စာဖတ်ရင်း လက်ရေးဝိုင်းဝိုင်းလေးတွေနောက်ကွယ်က လှပလွန်းသည့်မျက်နှာလေးတစ်ခုကို ဖျတ်ခနဲမြင်ယောင်မိကာ ဝဲဘက်ရင်အုံက ဒုတ်ခနဲမြည်သွားသည်။ သူ့စိတ်အစဥ်သည် ရှမ်းပြည်တောင်ပိုင်းတွင် သြဇာအာဏာစက်အကြီးဆုံးဖြစ်သော ပင်လောင်းစော်ဘွားကြီး'မဟာရာဇ စိုင်းစစ်ရန်ရှင်း'၏ ဟော်နန်းသို့ သွားရောက်လည်ပတ်ခဲ့သည့် ၂၀၃၈ ခုနှစ်၊ ဟေမန္တဆောင်းကာလကို ခေတ္တတစ်ကျော့ပြန်မိလေ၏။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now