#Zawgyi
ဟန်မြစ်နားအနီးတွင်ရှိသော ပန်းခြံတစ်ခုနားက
ခုံတန်းလေးတွင် စုံတွဲလေးတစ်တွဲလေးရှိ၏။
ထိုစုံတွဲလေးက ခုံတန်းလေးတွင်ထိုင်လို့
တစ်ယောက်က ခုံကိုနိမ့်စွာကျောမှီထားလျှင် သူ့ကောင်လေးက သူ့ပုခုံးထက်အိပ်သလို ခေါင်းတင်ထားသည်။ထို့နောက်ပုခုံးထက်ခေါင်းတင်ထားတဲ့
ကောင်ငယ်လေးက သူ့၏ချစ်သူကို
ပူဆာနေသည်။" ဂယူ...ကူးဗိုက်ဆာတယ်၊ပြန်ရင်တစ်ခုခု
ဝယ်စားကြမလားဟင် "ကူးရဲ့စကားကြောင့် မင်ဂယူပြုံးလိုက်သည်။
သိတယ်!သူ့ချစ်သူလေးက ဘာစားချင်နေတာ
လဲဆိုတာကအစ သူအကုန်သိနေသည်။
ဒါကြောင့်မို့ ကူးအကြံကိုသိသည့်နှယ်
သွားတက်များပေါ်သည်အထိ ရယ်ကာ" ဂယူသိတာပေါ့ကွာ၊ကိုယ့်ကူးလေးက ဘာစားချင်နေလဲဆိုတာ၊ဒါပေမဲ့ မနက်ဖြန်
ရုံးတက်ရမှာလေဗျာ၊စားလို့မဖြစ်ဘူးဆိုတာ
သိရဲ့လား ကူးလေး... "မင်ဂယူကကူးလေးရဲ့ပါးဖောင်းလေးကိုဆွဲလို့
ပြောလိုက်သည်ကို ကူးလေးကတော့ နှုတ်ခမ်းလေးချွန်ကာ စူပုတ်နေတော့သည်။ဘာကြောင့်ဆို ကူးငယ်ကအစပ်တွေစားရင်
တစ်ခုခုဖြစ်တက်တာမို့ သူကဂရုစိုက်ရတာ
ဖြစ်သည်။" ဒါဆိုလေ ဂယူ ရုံးပိတ်ရက်ကြ
ချက်ကျွေးမှာလားဟင် "" ကိုယ်တကယ်ချက်ကျွေးမယ် "
သူကချက်ကျွေးမယ်လို့ပြောလိုက်ရော
ပုခုံးထက်ခေါင်းလေးတင်ကာ အချွဲပိုတဲ့
စကားလေးတွေကိုဆိုပါရော။" ဒါမှကူးရဲ့ဂယူ !! "
မင်ဂယူနဲ့ဂျောင်ဂုနဲ့က တွဲတာကြာပြီဖြစ်သည်။
ငယ်သူငယ်ချင်းတွေဆိုပေမဲ့ အလယ်တန်းတက်
ရောမင်ဂယူတို့က အိမ်ပြောင်းသွားခဲ့ကြသည်။
သည်တော့ နှစ်ယောက်သားကွဲသွားကြရော။မကြာပါ၊ကောလိပ်ကျောင်းသားဘဝရောက်ရော
နှစ်ယောက်သားပြန်တွေ့ခဲ့ကြပြီး ငယ်သံယောဇဉ်
ကြောင့်ရော အနေကြာတော့စိတ်ချင်းတိုက်ဆိုင်
ကာအချစ်တွေနီးစပ်ကာ ချသူတွေအထိဖြစ်သွား
ခဲ့ကြသည်လေ။စီးပွားရေးမေဂျာကို အတူတက်
ကြပြီး အလုပ်ခွင်ရောက်သည်အထိ တစ်ရုံးထဲ
အတူတူလုပ်ကိုင်နေတဲ့ ချစ်သူနှစ်ယောက်။
YOU ARE READING
Between The Hate [ Completed ]
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးက မောင့်အပိုင်ပဲဖြစ်သင့်တာ! မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးက မောင့်အပိုင်ပဲဖြစ်သင့်တာ!