12

687 84 96
                                    

- Zawgyi

" ကိုကိုအလှလေး နေ့လယ်စာစားရတာ အဆင်ပြေရဲ့လား၊နမ်ဂျွန့်ရဲ့ဟိုတယ်ကမိုက်ပြီး
သူ့အမျိုးသားကချက်ပြုတ်ထားတာ၊စားရတာ
အဆင်ပြေရဲ့လား "

ကူးနဲ့ထယ်ယောင်းက ကုမ္ပဏီကိုပြန်ရောက်ပြီး
ဓာတ်လှေကားအတူစီးရင်း ထယ်ယောင်းက
အစားအသောက်တွေက အဆင်ပြေလားဟု
မေးလေသည်။ကူးငယ်ကတော့ ခေါင်းလေးငြိမ့်
ပြရင်းသာရှိသည်။

ထယ်ယောင်းကတော့ သူ့ကိုကိုအလှလေးကို ရုံးခန်းထဲမရောက်ခင်အထိကို စကားများနေ၏။
ကူးလေးကတော့ သူ့ရှိစိတ်မရောက်သေးဘဲ
သူ့ဂယူထံသို့သာ စိတ်ရောက်နေတာလေ။အတူ
ဆက်လျှောက်ကြရင်း ကူးအရင်ကအလုပ်လုပ်တဲ့
ဌာနကိုရောက်တော့ ကူးအတွေးဝင်သွားမိသည်။

အခုဆိုနားချိန်ကအများကြီးရှိသေးတာမို့ ဂယူနဲ့
သူတွေ့ချင်ပါသည်။ဒါကြောင့်မို့ သူ့ဘေးကနေ
လျှောက်နေသည့်ထယ်ယောင်းကိုခေါ်လိုက်ရင်း...

" ကင်မ်ထယ်ယောင်း ငါသန့်စင်ခန်းသွားချင်လို့၊
အဲ့ဒါမင်းက ရုံးခန်းထဲအရင်သွားနှင့်ပါလား "

ကူးလေးက မရဲတရဲဖြင့်ဆိုလိုက်တော့ ထယ်ယောင်းက ဟက်ခဲနဲရယ်သေးသည်။
ပြီးနောက်မှ ကူးလက်ကိုဆွဲကာပြောသည်။

" မသွားရပါဘူးကွာ၊မောင့်ရုံးခန်းထဲမှာ သန့်စင်ခန်းရှိတယ်၊အဲ့ကြမှာသွားစမ်းပါ "

" ကင်မ်ထယ်ယောင်း ငါ့ကိုခဏလောက်တော့
လွှတ်ထားပေးစမ်းပါဆို... "

ကူးကသူ့လက်ကိုဆွဲထားသည့် ထယ်ယောင်းရဲ့
လက်တွေကနေရုန်းထွက်သည်။ထယ်ယောင်းက
သူ့ကိုကိုအလှလေး၏ လက်တွေကိုမဖယ်ပေးဘဲ
ပိုလို့ကိုတင်းကြပ်နေအောင်ဆွဲထားသေးသည်။

တကယ် ကင်မ်ထယ်ယောင်းကမလွယ်ကြော။
အရမ်းလည်းအကြောတင်းသည်။ခေါင်းမာလွယ်လို့ ကူးမှာပြောရခက်ပါသည်။

" မောင်သိတယ်၊ကိုကို ခင်ဗျားဟိုလူရှိသွားမှာကို
မောင်သိနေတယ်၊ဖြစ်နိုင်ရင်မသွားပါနဲ့လား၊
မောင့်အနားမှာပဲ နေပေးစမ်းပါဗျာ "

ထယ်ယောင်းက ကူးလေးရဲ့လက်တွေကို မလွှတ်ပေးပါဘဲ ပိုလို့ကိုဆွဲထားလေသည်။
ကူးမှာတော့ ထယ်ယောင်းရဲ့တင်းကြပ်စွာ
ဆွဲထားသောလက်တွေကြား ရုန်းထွက်ရင်း....

Between The Hate [ Completed ]Where stories live. Discover now