19

655 98 273
                                    

#zawgyi

ထယ်ယောင်းက သူ့သူငယ်ချင်းတွေနဲ့သောက်ပြီး
အတော်များသွားသည်ဖြစ်၏။ဒါကြောင့်မို့လည်း
ကူးလေးရဲ့အိမ်ကိုအတင်းသွားမည်လုပ်နေလို့
နမ်ဂျွန်နဲ့ယွန်းဂီကထိန်းထားရတာဖြစ်သည်။
ဟိုဆော့က မနက်ကထယ်ယောင်းထိုးထားလို့
မျက်နှာစုတ်ပြတ်သပ်နေတဲ့​ယောင်းဝူကို
ဆေးကုပေးဖို့ပြန်ရင်း ညဂျူတီရှိသေးလို့
ဆေးရုံဘက်ကိုပြန်သွားရသည်။

အခုတော့အိမ်ပြန်ခေါ်လာပေးရသည်ကတော့
ထယ်ယောင်းရဲ့တပည့်အစား သူငယ်ချင်းဖြစ်တဲ့
နမ်ဂျွန်ကခေါ်လာပေးရသည်။ယွန်းဂီကတော့
ဂျီမင်ကိုအိမ်ပြန်ပို့ချင်တယ်ဆိုပြီး ထွက်သွားတာ
ဖြစ်တော့ နမ်ဂျွန့်မှာသူ့ယောကျာ်းကိုဖုန်းဆက်၍
အတော်သောက်ထားတဲ့ထယ်ယောင်းကိုလိုက်ပို့
ပေးလိုက်ရသည်။ယောင်းဝူကတော့ မျက်နှာက
စုတ်ပြတ်သတ်နေလို့ ခေါ်တောင်မရဲဘူး။

" ထယ်ယောင်း အိမ်ပြန်ရောက်ပြီ၊ထလိုက်တော့၊
မင်းအိမ်မှာပဲအိပ်တော့၊ကွန်ဒိုကိုတော့လုံးဝမပြန်
နဲ့နော်၊စိတ်မချရဘူးဖြစ်လိမ့်မယ်... "

နမ်ဂျွန်က မူးနေရင်ထယ်ယောင်းစိတ်ကသိပ်မတည်ငြိမ်တာမို့ လုပ်ချင်ရာလုပ်မည်ဆိုးတာမို့
မိဘအိမ်သာလာပို့ပေးလိုက်ရသည်။မဟုတ်ရင်
အစ်ကိုကူးအိမ်အထိသွားပြီး ဆိုးနေတော့မှာလည်း
ပါ၏။

" ငါ့အသက်ရှိသွားမှာပါဆိုကွာ၊ဖယ်ပေးစမ်း!
ငါ့ဘာသာငါမောင်းမယ်! "

နမ်ဂျွန်ထိုင်သည့် ဒရိုင်ဘာနေရာကိုရောက်လာဖို့
အတင်းတွန်းတိုက်နေသည်မို့ မနည်းဆွဲကာဖြင့်
နမ်ဂျွန့်မှာအိမ်ထဲခေါ်လာဖို့လုပ်သည်။အိမ်ထဲ
ထယ်ယောင်းကိုခေါ်လာရင်း အပြင်ဘက်မှာ
ကားတစ်စီးကရပ်ထားသည်မို့ နမ်ဂျွန်လည်း
သဘောပေါက်လိုက်ပါသည်။
ဘယ်သူလဲဆိုတာကိုပေါ့။

နမ်ဂျွန်ကထယ်ယောင်းကိုကူတွဲပြီး အိမ်ထဲထိ
ခေါ်လာတော့ ထုံးစံအတိုင်းTvကြည့်နေတက်တဲ့
ထယ်ယောင်းမေမေက သူ့သားလေးအဖြစ်ကို
ကြည့်ကာ ပြေးလာသည်။ထို့အတူဒေါ်လေးနဲ့
လီယမ်ကတောင် လှမ်းကြည့်သည်။စိတ်ပူတာထက် လီယမ်ကသိနေတာမို့ပြုံးမိလိုက်၏။

Between The Hate [ Completed ]Where stories live. Discover now