21

733 92 120
                                    

#zawgyi

" ဒေါ်လေးအခြေအနေဘယ်လိုလဲ ဟိုဆော့ "

ထယ်ယောင်းက ဒေါ်လေးအခန်းထဲကထွက်လာတဲ့
ဟိုဆော့ကိုကြည့်ကာ မေးလိုက်သည်။ဒယ်ဒီ့ရဲ့
အစ်မ ထယ်ယောင်းရဲ့တစ်ဦးထည်းသောရှိတဲ့
အဒေါ်မို့ ထယ်ယောင်းကစိတ်ပူနေတာကြောင့်
ဟိုဆော့ကထယ်ယောင်းပုခုံးကိုပုတ်လိုက်ရင်း
ရယ်ကာပြောတော့သည်။

" မင်းစကားကြောင့် ရှော့ခ်ရပြီးမူးမေ့လဲသွားတာ၊
ဘာအန္တရာယ်မှမရှိတော့ဘူး၊တကယ်အံ့ဩတယ်၊
မင်းတို့ကိုဘယ်ထည်းက သဘောမတူထားလည်း
တောင်နားမလည်နိုင်တော့ဘူး "

ဟိုဆော့ကပြောတော့ ထယ်ယောင်းလည်းခပ်ယေး
ယေးပြုံးလိုက်သည်။အဒေါ်ကသဘောမတူပေမဲ့
သူ့ဘက်မှာသုံးယောက်တောင်ရှိတာဖြစ်တာမို့
ထယ်ယောင်းအဆင်ပြေနေတာဖြစ်သည်။ပြီးတော့
လီယမ်လည်းပြန်သွားတာမို့ ထယ်ယောင်းတို့
အေးဆေးရပ်စကားပြောနေကြတာဖြစ်သည်။

" ဒါနဲ့အစ်ကိုကူးနဲ့မင်းကိစ္စကို ဘယ်လိုစီစဉ်ကြမှာ
လဲ၊မင်းစကားကြောင့်ရော အစ်ကိုကူးကနားလည်
သွားပါ့မလား.... "

ဟိုဆော့ကပြောလိုက်ရော ထယ်ယောင်းပြုံးနေပြီး
ခေါင်းငြိမ့်ပြလိုက်သည်။ကားပေါ်မှာထည်းက
သူကိုယ်တိုင် ကိုကိုအလှလေးကိုသေချာပြောထား
တာမို့ သေချာပေါက်လက်ခံမယ်ဆိုတာယုံကြည်
တော့သည်။

" လက်ခံမယ်လို့တော့ ငါယုံကြည်တယ်ကွာ "

ထယ်ယောင်းကပြုံးရင်းပြောလိုက်ပြီး လွန်ခဲ့သည့်
နာရီဝက်လောက်က သူနဲ့ကိုကိုအလှလေးတို့
ကားပေါ်မှာစကားပြောခဲ့သည်ကိုတွေးမိသည်။

" ကိုကိုအလှလေး...မောင်တို့ကလေးလေးအတွက်
စဉ်းစားမယ်ဆိုတာသေချာလား၊အကြာကြီးဆို
ကိုကိုအလှလေးရဲ့ဗိုက်ပူလာမှာ... "

ထယ်ယောင်းက ကူးလေးကိုယ်ဝန်ရှိတယ်ဆိုပြီး
လမ်းမှာထည်းက ကားကိုလမ်းလျှောက်သလို
ဖြည်းညှင်းစွာမောင်းနှင်နေရင်းမှမေးသည်။ကူးက
ထယ်ယောင်းပြောတာကို နားမထောင်နေပါဘဲ
သူ့ကလေးလေးပုံလေးကိုသာကြည့်နေသည်။

ထယ်ယောင်းလည်း သတိထားမိတော့ပြုံးလိုက်ပြီး
ကိုကိုအလှလေး၏ မြင်နေရတဲ့ပါးဖောင်းလေးကို
ထယ်ယောင်းကအသည်းယားပြီး နဲနမ်းလိုက်မှဘဲ
ကူးလေးကလှည့်ကြည့်လာသည်။

Between The Hate [ Completed ]Where stories live. Discover now