36

940 96 188
                                    

#unicode

ကိုကိုအလှလေးအိပ်သွားတော့ ထယ်ယောင်းကသားကိုချီယူပေးပြီး ဟိုဆော့ကိုပေးလိုက်သည်။
ဟိုဆော့က ကလေးကိုထိခိုက်တာတွေရှိလားလို့
ကြည့်ပေးပြီး သူနာပြုဆရာမကကလေးကိုပြန်ပြီးသန့်ရှင်းရေးလုပ်ပေးသည်။

မျိုးစေ့လေးကို ဟိုဆောတို့သန့်ရှင်းရေးလုပ်ပြီးမှ
သူနာပြုဆရာမက ကလေးကိုတစ်နာရီလောက်
ကလေးထည့်သည့်အခန်းထဲပြန်ခေါ်သွာပေးသည်။ပိုးသတ်ဖို့အခန်းထဲထားရာမှ ကလေးကပျောက်သွားခဲ့တာဖြစ်သည်မို့။

နမ်ဂျွန်နဲ့ဆော့ဂျင်ကတော့ ကလေးကြည့်ပေးမယ်ဆိုလို့လိုက်သွားကြတာမို့ ထယ်ယောင်းအဆင်ပြေ
သွားတာဖြစ်သည်။အဖိုးတို့နဲ့ ကူးရဲ့အမေကို
ထယ်ယောင်းကပြန်ခိုင်းလိုက်သည်။အိပ်သွားပြီမို့
အဆင်မပြေတာမရှိကြောင်း ပြောပြလိုက်သည်။

" ငါတို့ဂျောင်ကူးလေး တအားပင်ပန်းနေတော့မှာ၊
မင်ဂယူနဲ့သွားတွေ့လို့ တော်သွားသေးတယ်၊ဒါနဲ့
ယောင်းဝူ...မင်ဂယူဘယ်ရောက်သွားတာလဲ "

ဂျီမင်က ကူးရဲ့ဘယ်ဘက်ဘေးကခုံမှာထိုင်ရင်း
ယောင်းဝူကိုမေးလာသည်။ယောင်းဝူကတော့
သူ့ဆရာရဲ့ မျက်နှာအရိပ်အကဲကိုကြည့်ပြီး
လက်ညိုးဖြင့် အခန်းပြင်ကိုထိုးပြသေးသည်။

" ထယ်ယောင်း...မင်ဂယူကိုသွားတွေ့လိုက်ပါလား၊
မင်းရဲ့သားကိုပြန်ခေါ်လာပေးတာလေ၊မင်းသူ့ကို
သွားတွေ့ပြီး ကျေးဇူးတင်စကားဆိုသင့်တယ်လို့
ထင်တယ်၊အစ်ကိုကူးဆိုလည်း အဲ့လိုပြောမှာပဲ "

ယောင်းဝူကသူ့ဆရာမျက်နှာကြောင့် အသံမထွက်တာကိုသိလို့ ယွန်းဂီကထယ်ယောင်းကိုကြည့်ရင်း
ပြောလာသည်။

ထယ်ယောင်းက သက်ပြင်းရှည်ချလိုက်ပြီးတော့
ယွန်းဂီကိုကြည့်လာကာ ခေါင်းငြိမ့်လိုက်သည်။
ပြီးမှကူးလေးရဲ့လက်ဖမိုးလေးကို နူးညံ့စွာဖြင့်
ခပ်ဖွဖွနမ်းလိုက်ပြီးအပြင်ကိုထွက်သွားသည်။

" မင်ယွန်းဂီ မင်းသူငယ်ချင်းကလေမင်ဂယူ့ကို
အတော်အမြင်မကြည်တာပဲ၊အခုဆိုကူးကသူနဲ့
အတူရှိနေတာတောင် စိတ်မချတွေဖြစ်နေတာ၊
သူငယ်ချင်းတွေကတစ်ပုံစံထည်းနော်... "

Between The Hate [ Completed ]Where stories live. Discover now