43 [ FINAL ]

952 88 249
                                    

#unicode

ညဘက်ကအချစ်ခရီးဆက်ခဲ့ကြာတာစောတာမို့
မနက်၅နာရီခွဲခန့်တွင် ကူးလေးနိုးထလာခဲ့သည်။
တော်သေးတာက မောင့်ကိစ္စမြန်မြန်ပြီးတာမို့
ကူးတို့စောစောအိပ်ဖြစ်သွားတာ။

ကူးအိပ်ရာမှထတော့ မောင်ကဘေးမှာအပေါ်ပိုင်း
ဗလာဖြင့်အိပ်ပျော်နေသည်။ကူးကတော့မောင်
ဝတ်ပေးထားတဲ့ရှပ်အင်္ကျီရှိနေတာ။မောင်က
တကယ့်ကိုလိမ္မာပါသည်။ကူးလေးအတွက်လည်း
အမြဲတွေးပေးပြီး နားလည်ပေးလာတက်သည်။
တစ်ခါတစ်လေကလေးဆန်တာကလွဲလို့။

ကူးလေးတစ်ကိုယ်လုံးနာကျင်နေတာမို့ နာကျင်မှုကိုတင်းခဲကာ ရေချိုးခန်းထဲသွားတော့သည်။
ဒါတောင်ထယ်ယောင်းက နှစ်ခြိုက်စွာအိပ်ပျော်
နေတာဖြစ်သည်။

ကူးကတော့ ရေချိုးခန်းထဲသန့်ရှင်းရေးလုပ်ပြီး
ရေနွေးစပ်ထားတာဖြင့်ချိုးလိုက်တော့ ကိုက်ခဲ
နေသည့်ဝေဒနာတွေအားလုံးသက်သာသွား၏။
ပြီးတော့မှ ကူးBathrobeအဖြူဝတ်လိုက်ကာ
ထွက်လာခဲ့သည်။ဒါတောင် မောင်မနိုးသေးဘူး။

" မွ...ကလေးလေး ညကလိုတာပြည့်သွားတော့
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာပဲ။ "

အခန်းထဲပြန်ဝင်လာတဲ့အထိ မောင်မနိုးသေးတာမို့
ကူးလေးက ရွှေရောင်ဆံပင်တွေသပ်တင်ပေးရင်း
နဖူးကိုနမ်းလိုက်သည်။ကူးနမ်းတာတောင်မလှုပ်ပဲ
အိပ်နေတာမို့ ရယ်မိပါသေးသည်။မလွယ်လွန်းတဲ့
မောင်ပါလား။

ကူးအိပ်ရာဘက်ကို သေချာပြန့်အောင်လုပ်ရင်း
အဝတ်လဲခန်းထဲ ဝင်သွားသည်။ကူးအဝတ်ထက်
မောင့်အဝတ်ကိုသဘောကျတာမို့ တီရှပ်အနက်နဲ့
ဒူးဖူးဘောင်းဘီတိုအဖြူသာဝတ်လိုက်သည်။
ဒီနေ့မောင်လည်း အိမ်မှာရှိမှာမို့ကူးလည်းထူတာ
ဝတ်မနေတော့ဘူး။

ကူးအဝတ်လဲပြီးအောက်ထပ်ဧည့်ခန်းဘက်သို့
ဆင်းလာတော့ မနက်စောစောနိုးနေကြဖြစ်သည့်
အမေနဲ့သွားတွေ့သည်။

" သားကူးလေး...နိုးလာပြီလား။အို...သားကူးရဲ့
လည်ပင်းမှာအရာတွေထင်းနေရောပဲကွယ်။ "

မေမေကအခန်းထဲမှထွက်လာပြီး ကူးကိုတွေ့တော့
နှုတ်ဆက်ရင်းမှ ကူးလည်တိုင်ကအရာတွေကိုမြင်
တော့အံ့ဩကာရှက်သလိုပြောလာသည်။ကူးက
အမေပြောမှရှက်ကာ အဝတ်လုံလုံလဲဖို့မေ့သွား
တာဖြစ်သည်။

Between The Hate [ Completed ]Where stories live. Discover now