25

843 88 175
                                    

#zawgyi

သည်နေ့က ကင်မ်ထယ်ယောင်းနဲ့ကူးလေးတို့ရဲ့
လက်ထပ်ပွဲဖြစ်သည်။ကင်မ်ထယ်ယောင်းရဲ့
အပျော်ဆုံး​နေ့ဆို ပိုမှန်မည်။လက်ထပ်ပွဲကိုတော့
နမ်ဂျွန့်ရဲ့ဟိုတယ်၌သာ ကျင်းပတာဖြစ်သည်။

နမ်ဂျွန့်ဟိုတယ်ဆိုတော့ သူငယ်ချင်းလက်ထပ်ပွဲ
အတွက်ဆိုရင်း လှပသည့်ဒီဇိုင်းတွေနဲ့ပြင်ဆင်
ပေးထားသည်။ထယ်ယောင်းက သူ့လက်ထပ်ပွဲမို့
သေချာပြောထားတာမို့ သူတို့ဘက်ကလှပအောင်
ပိုလုပ်ပေးထားတာ။ဒါထက် ထယ်ယောင်းရဲ့
သတို့သားလေးဆိုဘယ်လောက်တောင်လှမလဲ။

အဝတ်စားလဲသည့်အခန်းထဲမှာတော့ ကူးလေးက
ပန်းစည်းကိုင်ရင်းထိုင်နေသည်။ဂျီမင်ကလည်း
ဒီကိုစရောက်ထည်းက ကူးဘေးနားမှာသာနေပေး
သည်။ထယ်ယောင်းကတော့ အပြင်မှာဧည့်သည်
တွေကိုနှုတ်ဆက်နေရလို့ လာမတွေနိုင်သေးဘူး။
ကူးမေမေတောင် ထယ်ယောင်းကမိတ်ဆက်ရမယ်
ဆိုလို့ ခေါ်သွားသေးသည်။

" ဂျောင်ကူး မင်းတအားစိတ်လှုပ်ရှားနေလား၊
မျိုးစေ့လေးရှိနေတယ်မလား၊စိတ်သိပ်မလှုပ်ရှား
ရဘူးလေ ဂျောင်ကူးရယ် "

ဂျီမင်က စိတ်လှုပ်ရှားနေဟန်ရှိနေသည့်ကူးလေးရဲ့
လက်ကိုကိုင်ကာ စကားဆိုသည်။ပွဲမစခင်ထည်းက
အဝတ်စားလဲပြီးတာတောင် မျက်လုံးလေးတွေ
ဟိုဘက်ဒီဘက်ကစားနေရင်း ဂနာမငြိမ်ဖြစ်နေ၏။
စိတ်လှုပ်ရှားနေသည့် အမူအရာလေးကလေးတစ်
ယောက်လိုပင် ချစ်စရာကောင်းနေသည်အထိ။

" ငါ...မထင်ထားဘူး ဂျီမင်ရယ်၊တကယ်တော့
စိတ်လှုပ်ရှားနေတာ၊မသိရင်လေ ငါ့ဗိုက်ထဲက
မျိုးစေ့လေးတောင် ထွက်လာတော့မလားဘဲ "

ကူးလေးက စိတ်လှုပ်ရှားနေတာမို့လက်တွေတုန်လို့ဂျီမင်ကို ပြောပြနေသည်။ဂျီမင်လည်း ကူးလေးရဲ့
ပုံစံကိုကြည့်ကာ ရယ်လည်းရယ်ချင်မိသည်။လက်
ထပ်ဖို့အထိတောင် ဖြစ်နေပြီးမှစိတ်တွေမထိန်းနိုင်
သည်အထိ စိတ်လှုပ်ရှားနေတော့ ဂယူ့ကိုတောင်
သတိမရနိုင်တော့ဘဲ ဖြစ်နေတော့သည်။

" ဂျောင်ကူးရယ် ဘာမှမဖြစ်ဘူးနော်၊အဆင်ပြေသွားမှာ၊မင်းကလည်း ဗိုက်ထဲကမျိုးစေ့လေးကို
အားနာပါဦး... "

Between The Hate [ Completed ]Where stories live. Discover now