41

790 92 169
                                    

#unicode

ကုမ္ပဏီရှေ့ဖြစ်ပျက်သွားသည့် ကိစ္စကြီးကြောင့်
လူတွေအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
ဂျွန်ဆော့က ပုခုံးရိုးထိသွားတာကြောင့်ထမနိုင်
အောင် နာကျင်နေသည်။မျိုးစေ့လေးကတော့
လန့်သွားတာကြောင့် ပြန်သတိလစ်သွားတာမို့
ဂျွန်ဆော့ရင်ဘက်ပေါ်မှာဖြစ်သည်။

" အပင်ပေါက်လေး...ဦးဂီ...ခေါ်နေတယ်လေ။
ဦးဂီရဲ့အပင်ပေါက်လေး။ "

" အပင်ပေါက်လေး ထပါဦးကွာ။အပင်ပေါက်... "

ယွန်းဂီနဲ့နမ်ဂျွန်က ဂျွန်ဆော့တို့အနားပြေးလာကာထိုင်ချပြီး ဂျွန်ဆော့ရင်ဘက်ပေါ်က မျိုးစေ့လေးကိုပွေ့ပိုက်လိုက်ရင်း ခေါ်သည်။မျိုးစေ့လေးကမူ
သူ့ဦးလေးခေါ်သံကိုတောင်မကြားဘဲ လန့်ပြီး
မေ့လဲသွားတာဖြစ်သည်။ယွန်းဂီနဲ့နမ်ဂျွန်မှာတော့
စိတ်ပူပြီး မျက်ရည်တွေတောင်ကျနေပြီဖြစ်၏။

" အစ်ကိုဂျွန်ဆော့...ခဏလေးပဲတောင့်ထားနော်။
ဟိုဆော့ကလူနာတင်ယာဥ်ခေါ်ထားတာမို့ ခဏပဲ
သည်းခံတောင့်ထားပါဦး။ကျေးဇူးတင်ပါတယ်။
မျိုးစေ့လေးကိုကယ်ပေးတာမို့ကျေးဇူးပါ။ "

ဂျီမင်ကပါအနားကိုရောက်လာပြီး ဂျွန်ဆော့ကိုမေးရင်း သူတိုတူပေါက်လေးသတိမေ့နေတာကြောင့်
မျက်ရည်တွေကျနေပြီဖြစ်သည်။

သူတို့အားလုံးကဂျွန်ဆော့နဲ့မျိုးစေ့လေးကို စိတ်ပူ
နေပေးကြပေမဲ့ လမ်းမပေါ်မှာရုပ်ပျက်ဆင်းပျက်
ဖြစ်နေသည့်လီယမ်ကိုတော့ ဘယ်သူမှလာမကြည့်
ခဲ့ကြဘူး။ယွန်းဂီကတော့ သူ့တူမျိုစေ့လေးကိုပွေ့
ထားရင်းမှ လမ်းမပေါ်ရှိလီယမ့်နားကိုထသွား၏။

" သေစမ်း!သေစမ်း!မင်းက သေမှအေးမဲ့ကောင်။
ထယ်ယောင်းကိုမရတာနဲ့ ငါတို့မျိုးစေ့လေးကို
သတ်တာ။မင်းသေမှကောင်းမယ်။ "

" မင်..မလုပ်ပါနဲ့။ "

ယွန်းဂီက မျိုးစေ့လေးကိုပွေ့ထားရင်းသွေးအိုင်ထဲ
လဲကျနေသည့် လီယမ့်ကိုခြေထောက်နဲ့ဆောင့်
ကန်တော့သည်။ဂျီမင်နဲ့နမ်ဂျွန်ကဆွဲပြီးတားလည်း
ရုန်းထွက်ပြီး အဆက်မပြတ်ကန်နေတာဖြစ်၏။

Between The Hate [ Completed ]Where stories live. Discover now