08

842 104 235
                                    

#Zawgyi

" အမေ...ကူးအပြင်ကပြန်လာထည်းက
ရေချိုးခန်းထဲနေတာဆို ကျွန်တော့်ကိုပြောပါဦး၊
စိတ်တွေပူလွန်းလှပြီဗျာ "

" အမေလည်းမသိပါဘူးကွယ်၊ခေါ်ကြည့်တာပဲ၊
သားလေးကအသံလည်းမပေးဘဲ ရေချိုးနေတဲ့
အသံတွေပဲကြားနေတာ "

ညဘက်ကြီးအပြင်ကနေပြန်လာပြီးမကြာပါ။
ရေချိုးခန်းထဲဝင်ကာ ရေဆက်တိုက်ချိုးနေသည့်
အသံကြားတာမို့ အမေဖြစ်သူမှာစိတ်ပူပြီး မင်ဂယူကိုဖုန်းလှမ်းဆက်ရသည်။မင်ဂယူလည်း
သူ့ချစ်သူကိုစိတ်ပူကာ အမြန်ပင်ကူးတို့အိမ်ဘက်
ပြေးလာခဲ့သည်။

အခုလည်းသူရောက်နေသည်အထိကို ရေချိုးခန်း
ထဲကထွက်မလာတဲ့ ကူးလေးကြောင့်သူပိုပြီးတော့
စိတ်ပူရပြန်သည်။ဒါကြောင့်မို့ ရေချိုးခန်းရှေ့တံ
ခါးခေါက်ရင်းကနေ စိတ်မချလို့အထဲဝင်သွား
သည်။အထဲရောက်တော့ကူးက ရေချိုးခန်းက
ရေချိုးကန်ထဲအဝတ်ရှိနေလျက်ရေစိမ်နေ၏။

မင်ဂယူစိတ်တွေပူထူသွားသည်။တကယ့်ကို
အဖျားတက်အောင် လုပ်နေတော့တာပဲကူးရာ။
သူ့ကိုရူးစေချင်ပြီထင်တယ်ဗျာ။

" ကူး...ဘယ်လိုဖြစ်တာလဲ၊ဘာဖြစ်လို့ ရေတွေချိုး
နေရတာလဲကွာ၊ဟာ...အဖျားတက်တော့မှာပဲ "

ဂယူကစိတ်ပူသွားပြီး ကူးအနားကိုထိုင်ချကာ
မေးဖျားလေးကနေတစ်ဆင့်မော့ကြည့်စေပြီး
ရေချိုးကန်ဘေးထိုင်ချသည်။ကူးလေးကတော့
ငိုထားလို့ မျက်လုံးတွေကမို့အစ်နေကာ နှုတ်ခမ်း
တွေလည်း ပြာနှမ်းနေသည်။

ဂယူစိတ်ပူသွားတာမို့ ရေထဲကကူးကိုပွေ့မချီလို့
အပြင်ထုတ်ပေးတော့ မျက်ဝန်းလေးတွေညို့မှိုင်း
မှိုင်းဖြင့်သူ့ကိုကြည့်ကာ ငိုချသည်။သူအံ့ဩသွား
သည်။ကူးက သူ့ကိုရေကန်ထဲကထုတ်ပေးတော့
သူ့ကိုအတင်းအကျပ်ပွေ့ဖက်လာတာ။

" ဂ..ဂယူ... "

ပွေ့ဖက်ထားရင်း အသံသေးလေးဖြင့်သူ့ကိုကြည့်
လို့ဆိုသည်။ပြီးနောက် အတင်းအကျပ်ပိုဖက်လို့
သူ့ရင်ခွင်ထဲတိုးဝင်ကာ တအင့်အင့်အသံထွက်ကာ
ငိုနေတော့သည်။

Between The Hate [ Completed ]Where stories live. Discover now