02

1.1K 131 194
                                    

#Zawgyi

ကလေးလေးကကြောက်နေမှာဆိုးလို့ အမြန်ပင်
လမ်းကူးပြီးခေါ်လာခဲ့တာ။တစ်ဖက်လှမ်းက
နေရာကိုရောက်တော့ ကလေးကကြောက်လို့
တုန်တက်နေသေးတာမို့ မုန့်ကျွေးဖြစ်သည်။
ကလေးလေးပြောတဲ့အမေရဲ့ ဖုန်းနံပါတ်ကိုလည်း ဖုန်းဆက်ပေးထားတာမို့ မုန့်ကျွေးရင်း ကူးမှာ
ပြုံးနေသည်။အခုထိ သူ့ထမင်းဘူးဘယ်နား
ကျန်ခဲ့လည်းဆိုတာတော့ သတိပြုမိမယ်မထင်။

" မီးမီးလေး နောက်ဆိုကားတွေလာရင် သေချာသတိထားနော်၊မေမေက လိုက်မပို့ဘူးလား မီးမီးလေးကို "

ကူးလေးက သူ့ရှေ့ကမုန့်စားနေတဲ့မီးမီးလေးကို
ဆံပင်လေးတွေသပ်တင်ပေးရင်း မေးတယ်။
မီးမီးလေးက ခေါင်းခါပြသည်။သည်တော့
ကူးလေးကပင် ဆက်မေးရင်း...

" ဘာမှစိတ်မပူနဲ့တော့နော်၊ကိုကိုက မီးမီးရဲ့
အမေကိုဖုန်းဆက်ပေးထားတယ်၊မီးမီးကို
လာခေါ်လိမ့်မယ်နော် "

ကလေးကခေါင်းငြိမ့်ပြန်သည်။ကူးလည်းပြုံးလို့
ကလေးလေးစားတာကြည့်ကာ သူ့အမေအလာကို
စောင့်ပေးနေခဲ့တယ်။ကလေးကိုကြည့်ရင်း
မိမိ၏ဖုန်းသံကမြည်လာတာမို့ ဂယူထံမှဖြစ်
တာကြောင့် ဖုန်းကိုင်လိုက်သည်။

" အွန်း...ဂယူပြော၊နည်းနည်းလေးနောက်ကျ
မယ်ဂယူ၊ကလေးလေးတစ်ယောက် ကားတိုက်
မိမလို့ဖြစ်လို့ ကူးစောင့်ပေးနေတာလေ "

" ..... "

" ကူးကဘာမှမဖြစ်သွားပါဘူး၊ကလေးလည်း
ဘာမှမဖြစ်သွားဘူး၊ဒီလိုပါပဲကားမောင်းကြတာ၊
ကူးကိုစိတ်မပူပါနဲ့၊ကူးအဆင်ပြေတယ်ဆို၊
ခဏနေကြ ရုံးကိုအရောက်လာခဲ့မယ်နော် "

ဖုန်းချသွားတော့မှ ကူးလေးလည်းလွယ်အိတ်ထဲ
ဖုန်းကိုထည့်လို့ ကလေးရဲ့အမေကိုဆက်စောင့်
ပေးနေတယ်။ကလေးကတော့ ကူးလေးကိုကြည့်
လို့ ကူးလေးရဲ့အင်္ကျီစကိုမရဲတရဲဆွဲလေတယ်။
ကူးလေးကသတိထားမိတော့ 'ဘာများလဲ'ဟူ
သည့်မျက်နှာထားဖြင့် ပြုံးပြတယ်။

သူပြုံးတော့ ကလေးလေးကလိုက်ပြုံးတယ်။

" ခုနကကိုကို့ကိုဖုန်းဆက်တဲ့ သူကဘယ်သူလဲ "

Between The Hate [ Completed ]Where stories live. Discover now