23

669 93 104
                                    

#zawgyi

" တော်သေးတာပေါ့ရယ်၊အစ်ကိုကူးက ဒီတိုင်းလဲကျသွားတာ၊ကိုယ်ဝန်သည်ဆိုတော့ စိတ်ထိခိုက်
စရာမျိုးဖြစ်သွားတာ၊နောက်တော့မဖြစ်စေနဲ့ပေါ့ "

ဟိုဆော့က ကူးကိုစမ်းသပ်ပေးရင်းမှထယ်ယောင်း
တို့မိသားစုနဲ့ကူးအမေကိုကြည့်ပြီး ပြောသည်။
ထယ်ယောင်းကတော့ သူ့ကိုကိုအလှလေးကိုစိတ်ပူ
ပြီးအနားမှာသာ ကပ်နေသည်။အခုချိန်ထိသူ့မှာ
စိတ်ပူမှုတွေမပြေပျောက်နိုင်သေးတာဖြစ်၏။

ကိုကိုအလှလေးက ခုနကအတော်စိတ်ဆိုးဒေါသ
ထွက်နေတာဖြစ်သည်။တစ်ခါမှလည်း ကိုကိုအလှ
လေးရဲ့ဒေါသအရမ်းထွက်ပုံကိုမတွေ့ဖူးတာမို့ဖြစ်၏။အခုကဒေါ်လေးကြောင့်ဖြစ်သွားတာမို့ လက်ထပ်ပြီးရင်သတိထားရတော့မည်ဖြစ်သည်။

" ကျွန်တော်တို့လက်ထပ်ပြီးရင် ဒီမှာမနေချင်ဘူး၊
အိမ်သီးသန့်ခွဲနေတာကောင်းမယ်ထင်တယ်... "

ထယ်ယောင်းရဲ့စကားကြောင့် ဟိုဆော့နဲ့အတူရပ်နေကြသည့်ကင်မ်အဖိုးရော၊ဒယ်ဒီနဲ့မေမေရော
ကူးလေးရဲ့အမေပါ ကြည့်လာကြသည်။မေမေက
ထယ်ယောင်းအနားကပ်လာရင်း...

" သားထယ်...မေမေတို့ကအဖိုးတန်လေးကိုအဝေး
မှာမထားနိုင်ဘူးနော်၊မေမေတို့က မျိုးစေ့လေးကို
အတူတူစောင့်ရှောက်ချင်တာ၊သားအဒေါ်ကိုလည်း
ဂရုစိုက်နေဖို့မလိုဘူးကွယ်... "

မေမေကပြောတော့ ထယ်ယောင်းတွေဝေသွား
သည်။ခုနကကိုကိုအလှလေးပြောသွားသည့်စကား
တွေကြောင့် ထယ်ယောင်းရင်နာမိသည်။ချစ်သာ
ချစ်တာ ကိုကိုအလှလေး၏ခံစားရသည့်နေရာကို
ဝင်မခံစားနိုင်ဘူးတဲ့။

ထယ်ယောင်းခံစားရတာပေါ့။သူသိပ်ချစ်တဲ့သူက
ပြောခံရလို့ အများကြီးဒေါသထွက်ဖို့စဉ်းစားပေမဲ့
ကိုကိုအလှလေးရဲ့မိခင်ရှိနေခဲ့တာလေ။အကယ်လို့
သူသာဒေါသထွက်လိုက်ခဲ့သည်ရှိသော် ယောက္ခမ
ကကိုယ့်ရဲ့အခြားတစ်ခြမ်းကို မြင်သွားရင်လည်း
ကိုကိုအလှလေးကို သူ့လက်ထဲမှာမအပ်မှာဆိုးလို့
ထယ်ယောင်းကြောက်သည်လေ။

အရင်ကဘယ်အရာမဆိုမကြောက်တက်သည့်
ထယ်ယောင်းက အခုတော့ယောက္ခမနဲ့ချစ်ရသူ
ငြိုငြင်မှာဆိုးတာကိုစိုးရိမ်မိသည်။

Between The Hate [ Completed ]Where stories live. Discover now