29

779 93 167
                                    

#unicode

ထယ်ယောင်းအဖိုးချိန်းထားသည့်နေရာကိုတော့
ရောက်လာခဲ့ပြီဖြစ်သည်။ထယ်ယောင်းကားကို
သေချာရပ်လိုက်ပြီး ဘေးမှာပတ်ဝန်းကျင်ကိုသာ
ကြည့်နေတဲ့ သူ့အသက်ကိုလက်ဖြင့်တို့ခေါ်လိုက်
တော့သည်။

" အသက်...အိမ်ကိုရောက်ပြီ၊ဆင်းရအောင် "

ထယ်ယောင်းကခေါ်တော့ သူ့ဘက်ကိုလှည့်ကြည့်
လာသည့်ကူးလေးက မျက်ဝန်းထောင့်မှာလည်း
မျက်ရည်စလေးတွေကပ်နေတာဖြင့် ခြောက်ကပ်
နေပြီဖြစ်သည်။ကင်မ်ထယ်ယောင်းရာ မင်းကဘယ်လိုတွေတောင် ထပ်လုပ်ပြန်တာလဲ။

" အင်း... "

ကိုကိုအလှလေးက သူ့လက်ကိုဆွဲဖယ်ရင်းကားတံ
ခါးဖွင့်ကာထွက်သွားသည်။ထယ်ယောင်းလည်း
သူ့ဒေါသတွေကြောင့်စိတ်လွတ်ထွက်သွားတာမို့
ကိုကိုအလှလေးအပေါ်လွန်ကြူးမိတာကြောင့်
ဘယ်လိုချော့ရမလဲဆိုတာကို စဥ်းစားနေရသည်။

ပြီးနောက်ကိုကိုအလှလေးအနား အမြန်မှီအောင်
ကားနောက်ခန်းထဲက Luggageတွေကိုယူပြီး
လိုက်ရသည်။အိမ်ရှေ့အနားကိုရောက်တော့
အိမ်အကူနှစ်ယောက်က လာသယ်ပေးကြသည်။

" သခင်လေးတို့ကို ဥက္ကဌကြီးကအိမ်တော်ထဲမှာ
စောင့်နေပါတယ်... "

အိမ်အကူအဒေါ်ကြီးကပြောပြီး အိမ်ထဲကိုအရင်
ဝင်သွားသည်။ကူးကတော့ အပြင်နေရာကနေ
ကူးသဘောကျမိတဲ့ အိမ်တော်ကြီးကိုကြည့်၏။
ရိုးရာအိမ်တော်ကြီးမို့ ကူးသဘောကျကာ
အချိန်အကြာကြာမော့ကြည့်မိပါသည်။အဖိုးက
ကူးဖြစ်ချင်တာလေးကို တွေးပေးတာမို့ကျေးဇူး
အတော်တင်မိပါသည်။

အိမ်အကူအဒေါ်ကြီးကပြောပြီး အိမ်ထဲကိုအရင်ဝင်သွားသည်။ကူးကတော့ အပြင်နေရာကနေကူးသဘောကျမိတဲ့ အိမ်တော်ကြီးကိုကြည့်၏။ရိုးရာအိမ်တော်ကြီးမို့ ကူးသဘောကျကာအချိန်အကြာကြာမော့ကြည့်မိပါသည်။အဖိုးကကူးဖြစ်ချင်တာလေးကို တွေးပေးတာမို့ကျေးဇူးအတော်တင်မိပါသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အိမ်တော်တံခါးရှေ့မှာရပ်နေသည့် ကူးအနား
ထယ်ယောင်းက အနားကပ်ကာဖက်ဖို့လုပ်တော့ ကူးလေးကရှောင်ဖယ်ပြီး စကားဆိုသည်။

Between The Hate [ Completed ]Where stories live. Discover now