06

776 112 233
                                    

#Zawgyi

ဂယူနဲ့အတူအခုတလောအလုပ်ကို အတူမသွား
ရပေမဲ့လို့ သည်နေ့တော့တစ်ရက်လောက်တော့
အတူသွားဖြစ်မှာမို့ ကူးလေးတစ်ယောက် အခန်းထဲမှထွက်ခဲ့သည်။ဧည့်ခန်းထဲရောက်တော့ ဧည့်စားပွဲပေါ်ကထမင်းဘူးကိုအမြန်ထည့်လို့
မီးဖိုခန်းထဲကမေမေ့အား နှုတ်ဆက်သည်။

" မေမေ ကူးသွားပြီနော်ဗျ "

" အင်း...သားရေ၊မေမေ ဟင်းချက်နေလို့ ထွက်မပို့နိုင်တော့ဘူးကွယ် "

" ရပါတယ် မေမေ "

မေမေကဟင်းချက်ရင်းကနေ လှမ်းဖြေတော့
ကူးကူးပြုံးလိုက်သည်။ပြီးနောက်ဖိနပ်စီးကာ
အပြင်သို့ထွက်လာခဲ့လိုက်သည်။အပြင်ကို
ရောက်တော့ဂယူက သူ့ကိုကြိုစောင့်နေတာ။

" ဂယူ!ကူးနောက်ကျသွားသေးလား၊ဟီးဟီး...
မနက်စာထက်ရေချိုးတာ ပိစိလေးနောက်ကျ
သွားတာ ဟီးဟီး... "

ဂယူကိုကြည့်ပြီး လက်ညိုးနဲ့လက်မလေးကို
သေးသေးလေးလုပ်ပြ၍ ပြောလေတော့ ဂယူ့မှာ
ူ့ကူးလေးကိုအသည်းတွေယားလို့နေပြီဖြစ်သည်။
ဒါကြောင့်အသည်းတွေယားလို့ ဖောင်းနေတဲ့
ပါးလေးနှစ်ဖက်လုံးကို အနမ်းပေးလိုက်တော့
ရှက်သွားကာ ငြိမ်ကြသွားသေးသည်။

တကယ်!ချစ်စရာကောင်းအောင်လုပ်တက်သေး
လို့ ဂယူကစိတ်မချတာပေါ့ဗျာ !

" ဂယူကလည်း "

ဂယူကပါးကိုနမ်းလိုက်ရော ရှက်ဝဲဝဲအသံလေး ထွက်လာပြီးသူ့ရဲ့ရင်ဘက်ကို ခပ်ဖွဖွထုနေတော့
ဂယူ့မှာသဘောတွေကျလို့ သွားတက်ပေါ်အောင် အကျယ်ကြီးရယ်လိုက်မိ၏။ပြီးနောက်မှ....

" ကူး ဂယူတို့သွားကြရအောင်၊ခုနက အစ်ကိုဂျွန်ဆော့က ဖုန်းဆက်လာတယ်၊
ဘာကိစ္စရှိလဲတော့မသိ မြန်မြန်လာဖို့ပြောလို့ "

" ဟုတ်လား၊ကိစ္စလေးရှိလို့နေမှာ၊ကူးတို့
အမြန်ဆုံးသွားရအောင်လေနော် "

ကူးလေးကပြောတော့ မင်ဂယူကဘေးပတ်ဝန်း
ကျင်ကိုဝေ့ဝိုက်ကြည့်လိုက်သည်။ပြီးတော့မှ
ကူးလေးရှေ့ သူ့ကိုယ်ကိုကိုင်းချလိုက်သည်။
မင်ဂယူရဲ့လက်ညိုးက သူ့နှုတ်ခမ်းကိုတို့ပြသည့်
ပုံစံလေးလုပ်ပြတာကြောင့် ကူးလေးအံ့အား
သင့်သွားတယ်။

Between The Hate [ Completed ]Where stories live. Discover now