27

658 91 125
                                    

#Unicode

အခန်းထဲကိုရောက်လာသည့်ကူးလေးက ကုတင်
ပေါ်ထိုင်လိုက်ရင်း သူတစ်ကိုယ်လုံးပူနေလို့ချွေး
တွေထွက်နေတာကို သတိထားမိသည်။ဒါကြောင့်
စတော်ဘယ်ရီလေးတွေ သုံးလုံးလောက်ပါးစပ်ထဲ
ထည့်လိုက်ပြီး ပါးဖောင်းလေးတွေဖြစ်အောင်စား
နေရင်း ဘေးဘက်ကအဝတ်လဲခန်းထဲကြည့်ကာ
အကြံရသွားသည်။

ကူးလေးကုန်တော့မည့်စတော်ဘယ်ရီတွေကို ထပ်စားလိုက်ရင်း ပါးဖောင်းလေးဖြစ်လက်စဖြင့်
ထယ်ယောင်းအခန်းထဲက အဝတ်လဲခန်းထဲသို့
ဝင်သွားသည်။

" ဝါး...အကြီးကြီးပါပဲလား အဝတ်အခန်းကြီးက၊
မိုက်လိုက်တာ... "

ကူးလေးပြောရင်း ထယ်ယောင်းရဲ့Suitတွေထား
သည့်ဘေးက အဝတ်ဗီရိုကြီးကြီးကိုဖွင့်လိုက်တော့
ထယ်ယောင်းသုံးသည့် အသုံးအဆောင်တွေအား
လုံးနဲ့ သူအမြဲဝတ်တက်သည့် တီရှပ်တွေရော၊
Hoodieတွေရော များလွန်းတာတွေကိုတွေ့ရ၏။

ထိုထဲမှ ကူးကသဘောကျသည့်တီရှပ်အဖြူလေး
တွေ့သွားပြီးပြုံးလိုက်သည်။အရောင်ဆိုအပြာနုတို့
အနက်/အဖြူတို့ကြိုက်တက်သည့် ကူးအတွက်တော့သူ့ယောကျာ်းထယ်ယောင်းရဲ့ အဖြူရောင်
တီရှပ်ရှိနေလို့ ကူးလေးယူကြည့်လိုက်သည်။ကူးထက်ပိုကြီးနေပေမဲ့လည်း အပွကြိုက်တဲ့ကူးအတွက်တကယ့်မိုက်နေသည်။

ဒါကြောင့်ကူးလေး သူ့ဝတ်ထားသည့်တီရှပ်ကိုချွတ်ချလိုက်ပြီး ထယ်ယောင်းရဲ့အနံ့အသက်တွေ
ရှိနေသည့် တီရှပ်အဖြူရောင်ကိုဝတ်လိုက်သည်။
ဗီရိုဘေးက ကိုယ်လုံးပေါ်မှန်ရှေ့သွားရင်းဟိုလှည့်
ဒီလှည့်ကြည့်ကာ သဘောကျနေပြီး ယုန်သွားလေး
တွေပေါ်အောင်ရယ်ပြုံးလိုက်သည်။

" အကြီးကြီးပဲမိုက်လိုက်တာ၊ပါးပါးရဲ့မျိုးစေ့လေး
ပါးပါး မင်းဒယ်ဒီရဲ့အင်္ကျီတွေယူဝတ်တော့မယ် "

ကူးက မျိုးစေ့လေးရှိရာရပ်ဝန်းကိုထိလိုက်ရင်း
ပြောကာ အောက်ပိုင်းကဘောင်းဘီရှည်ကိုမဝတ်
ချင်တော့တာမို့ ဘောင်းဘီတိုကိုရှာလိုက်သည်။
ဘောင်းဘီတိုရှာတွေ့ရော ယူဝတ်ကြည့်တော့
သူနဲ့အတော်ချောင်ကျနေပါသည်။

Between The Hate [ Completed ]Where stories live. Discover now