07

769 106 135
                                    

#Zawgyi

အချိန်အားဖြင့်၈ခွဲကျော်ပြီမို့ စောစောအိပ်ရမည်။
အရင်ကဆိုပုံမှန်းအားဖြင့် ညဘက်စာရင်းစစ်
ကာအိပ်ပျော်သွားတက်သည်။အခုတော့ ထွေထွေထူးထူး လုပ်စရာမရှိတာမို့ မျက်နှာသစ်လို့ကိုယ်လက်သန့်စင်ကာ
အိပ်ဖို့လုပ်သည်။

မအိပ်ခင်သူ၏ဖုန်းက မီးအလင်းပြနေသည်မို့
ဖွင့်ကြည့်မိတော့ 'Unknown Contact ' တဲ့။
Missed Callတွေချည်း 75ခေါက်လောက်ကို
ခေါ်ထားပုံမို့ သူဖုန်းဆက်လိုက်ရသည်။

သူဖုန်းဆက်လိုက်သည်နှင့် တစ်ဖက်မှကြားရတဲ့
ဩရှရှအသံပိုင်ရှင်ကြောင့် ကူးလေးမှာအံ့ဩ
သွားရသည်အထိ။

' ကိုကိုအလှလေး... '

' မင်းက... '

' မောင်လေကိုကိုအလှလေးရဲ့၊မောင့်နာမည်က အလှလေးရဲ့အပိုင်ကင်မ်ထယ်ယောင်းတဲ့ '

ကူးလေးနှုတ်ခမ်းကို ခပ်တင်းတင်းကိုက်မိ၏။
သူ့ကိုယ်သူ'မောင်'ဟုသုံးနှုန်းကာ ဂယူ့နေရာကို
သူကလာလုနေတာလား။ချစ်သူရှိနေတဲ့သူကို
သူမို့လို့ထိရဲတာကို အံဩပါသည်လေ။

' ညကြီးဘာကိစ္စလဲ၊ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ '

ကူးလေးကသူရဲ့မျက်နှာသုတ်သည့်သဘတ်ကို
ရေချိုးခန်းရှိတန်း၌လှန်းရင်း မေးလိုက်သည်။
တစ်ဖက်ကထယ်ယောင်းမှာတော့ သူ့အမေးကို
ခပ်ဟဟရယ်လို့ ဖြေသည်။ဒီတစ်ယောက်
စကားပြောပုံတွေက သောက်ထားသည့်
အလားရှိတယ်။

' မောင်လွမ်းလို့လေ '

' သောက်ထားတယ်ဆို ဖုန်းမဆက်ပါနဲ့၊ငါက
အမူးတွေနဲ့စကားမပြောဘူး၊ငါ့ချစ်သူတောင်
မင်းလိုမသောက်စားတက်တာပဲကောင်းတယ် '

ကူးလေးက ဂယူ့အကြောင်းထည့်ပြောသည်။
ဒါကိုထယ်ယောင်းက ဖြုံတောင်မဖြုံဘဲကူးကို
စကားထပ်စသည်။

' မောင်ကနိုင်ငံခြားမှာကျောင်းတက်လာတာ၊
မောင့်သောက်တက်စားတက်ပေမဲ့ မောင်က
ပွေရှုပ်တက်တဲ့ယောကျာ်းမဟုတ်ဘူးဆိုတာ
ကိုကိုအလှလေးမှတ်ထားလိုက် '

' အချိန်တွေအားမနေဘူး၊ဖုန်းချလိုက်မယ် '

ကူးကသူ့ကိုဖလစ်နေသည့် ထယ်ယောင်းကို
သဘောမကျပါ။ဒါကြောင့်မို့ဖုန်းချဖို့လုပ်သည်။
ဖုန်းမချခင်ထယ်ယောင်းက စကားပြန်စသည်။

Between The Hate [ Completed ]Where stories live. Discover now