01

3.6K 185 243
                                    

#Zawgyi

ဟန်မြစ်နားအနီးတွင်ရှိသော ပန်းခြံတစ်ခုနားက
ခုံတန်းလေးတွင် စုံတွဲလေးတစ်တွဲလေးရှိ၏။
ထိုစုံတွဲလေးက ခုံတန်းလေးတွင်ထိုင်လို့
တစ်ယောက်က ခုံကိုနိမ့်စွာကျောမှီထားလျှင် သူ့ကောင်လေးက သူ့ပုခုံးထက်အိပ်သလို ခေါင်းတင်ထားသည်။

ထို့နောက်ပုခုံးထက်ခေါင်းတင်ထားတဲ့
ကောင်ငယ်လေးက သူ့၏ချစ်သူကို
ပူဆာနေသည်။

" ဂယူ...ကူးဗိုက်ဆာတယ်၊ပြန်ရင်တစ်ခုခု
ဝယ်စားကြမလားဟင် "

ကူးရဲ့စကားကြောင့် မင်ဂယူပြုံးလိုက်သည်။
သိတယ်!သူ့ချစ်သူလေးက ဘာစားချင်နေတာ
လဲဆိုတာကအစ သူအကုန်သိနေသည်။
ဒါကြောင့်မို့ ကူးအကြံကိုသိသည့်နှယ်
သွားတက်များပေါ်သည်အထိ ရယ်ကာ

" ဂယူသိတာပေါ့ကွာ၊ကိုယ့်ကူးလေးက ဘာစားချင်နေလဲဆိုတာ၊ဒါပေမဲ့ မနက်ဖြန်
ရုံးတက်ရမှာလေဗျာ၊စားလို့မဖြစ်ဘူးဆိုတာ
သိရဲ့လား ကူးလေး... "

မင်ဂယူကကူးလေးရဲ့ပါးဖောင်းလေးကိုဆွဲလို့
ပြောလိုက်သည်ကို ကူးလေးကတော့ နှုတ်ခမ်းလေးချွန်ကာ စူပုတ်နေတော့သည်။

ဘာကြောင့်ဆို ကူးငယ်ကအစပ်တွေစားရင်
တစ်ခုခုဖြစ်တက်တာမို့ သူကဂရုစိုက်ရတာ
ဖြစ်သည်။

" ဒါဆိုလေ ဂယူ ရုံးပိတ်ရက်ကြ
ချက်ကျွေးမှာလားဟင် "

" ကိုယ်တကယ်ချက်ကျွေးမယ် "

သူကချက်ကျွေးမယ်လို့ပြောလိုက်ရော
ပုခုံးထက်ခေါင်းလေးတင်ကာ အချွဲပိုတဲ့
စကားလေးတွေကိုဆိုပါရော။

" ဒါမှကူးရဲ့ဂယူ !! "

မင်ဂယူနဲ့ဂျောင်ဂုနဲ့က တွဲတာကြာပြီဖြစ်သည်။
ငယ်သူငယ်ချင်းတွေဆိုပေမဲ့ အလယ်တန်းတက်
ရောမင်ဂယူတို့က အိမ်ပြောင်းသွားခဲ့ကြသည်။
သည်တော့ နှစ်ယောက်သားကွဲသွားကြရော။

မကြာပါ၊ကောလိပ်ကျောင်းသားဘဝရောက်ရော
နှစ်ယောက်သားပြန်တွေ့ခဲ့ကြပြီး ငယ်သံယောဇဉ်
ကြောင့်ရော အနေကြာတော့စိတ်ချင်းတိုက်ဆိုင်
ကာအချစ်တွေနီးစပ်ကာ ချသူတွေအထိဖြစ်သွား
ခဲ့ကြသည်လေ။စီးပွားရေးမေဂျာကို အတူတက်
ကြပြီး အလုပ်ခွင်ရောက်သည်အထိ တစ်ရုံးထဲ
အတူတူလုပ်ကိုင်နေတဲ့ ချစ်သူနှစ်ယောက်။

Between The Hate [ Completed ]Donde viven las historias. Descúbrelo ahora