20

790 92 154
                                    

#zawgyi

" ဟုတ်မှသာပြောကြပါကွာ၊ကိုကိုအလှလေးက
ယောကျာ်းလေးကွ! "

ဒေါက်တာအွန်းဂျူပြောပြတာတောင် လက်မခံနိုင်
တဲ့ထယ်ယောင်းကြောင့် ဒေါက်တာမလည်းထပ်
မပြောနိုင်တော့ပါ။ဟိုဆော့ဆိုလည်း ရှင်းပြနေရ
တာတင်ပါးစပ်ညောင်းနေပြီဖြစ်သည်။

" ဒီကအစ်ကိုရယ်၊ဒီဒေါက်တာကလေ OGဆရာဝန်
စစ်စစ်ပါ၊ကျွန်တော်ကလည်း OGပါပဲ... "

ဟိုဆော့ခေါ်ထားသည့် ဆရာဝန်ငယ်လေးနဲ့
ဒေါက်တာအွန်းဂျူက OGဆရာဝန်တွေဖြစ်တာမို့
ရှင်းပြနေတာတောင် ထယ်ယောင်းကမယုံနိုင်သေး
တာဖြစ်ပြီး သူတို့ကိုတောင်ပြောသေးသည်။

" မင်းတောင်မယုံလို့ ဒေါက်တာသွားခေါ်ရတာကို
ရမ်းပြောမနေကြနဲ့ကွာ... "

ထယ်ယောင်းစကားကြောင့် ဒေါက်တာအွန်းဂျူက
သက်ပြင်းရှည်ချလိုက်ပြီး ဆိုဖာထက်ထိုင်ကာ
ခုနကစားလက်စပေါင်မုန့်ကိုယူပြီးစားနေသည်။
ပြီးမှရေဖြင့်မျှောချလိုက်ရင်း....

" မင်းမယုံတာတော့မင်းကိစ္စ၊ငါတို့ သူနိုးလာရင်
Medical checkလုပ်ကြဦးမှာ၊ပြောရရင်လေ..
အမလေး..ငါအပျိုလေးရှက်လိုက်တာဟယ်...
မင်းတို့ဘယ်နှစ်ရက်အတူနေဖြစ်ကြလည်း "

ဒေါက်တာအွန်းဂျူက မျက်မှန်ကိုပင့်တင်လိုက်ရင်း
မေးတော့ ဟိုဆော့ကတစ်ခါဟုလက်တစ်ချောင်း ထောင်ပြသည်။မသိရင်ပဲသူပဲဖြစ်သလိုလိုနဲ့။
ဟိုဆော့ကိုအမျက်မမြည်သည့်မျက်စောင်းဖြင့်
ကြည့်သည်။

ပြီးမှထယ်ယောင်းကိုပြန်ကြည့်ကာသူမမှာလည်းဟိုဆော့ပြောပြတာနားထောင်မိရင်း
အတော်အံ့အားသင့်သွားသည်ကအမှန်ပါ။

" တစ်ခါထည်းတောင် အာနိသင်ပြတာကအရမ်း
စွမ်းတာပဲနော်၊ဒါကတော့ထားပါ၊ပြောချင်တာက
ကောင်လေးက ကံကောင်းတယ်ပဲပြောရမလား၊
သားအိမ်ပါလာတာရယ်၊ဖွံ့ဖြိုးမှုနှုန်းကယောကျာ်း
လေးမို့ ဘာမှသိပ်မသိသာဘူး၊ဒါပေမဲ့လည်း
နှစ်ယောက်ကအတူနေတော့ တစ်ကြိမ်ထည်းကို
ကြိမ်ဖန်များစွာရှိတော့ လှုံ့ဆော်သလိုဖြစ်သွားတာ၊
တစ်နည်းမျိုးပွားဖို့ ဖြစ်သွားတာ၊တကယ်မင်းတို့
ကံကောင်းတယ်နော်၊ငါတောင်နိုင်ငံခြားမှာပဲ
ဒီCaseကိုတစ်ခါပဲမြင်ဖူးတာ "

Between The Hate [ Completed ]Where stories live. Discover now