38

921 91 188
                                    

#unicode

ကူးလေးတို့မိသားစု အဖိုးကိုပြောပြီးတာတောင်
အပန်းဖြေအိမ်လေးမှာပဲ ဆက်နေဖြစ်သည်။
ဒီအတောအတွင်း မောင့်ကြောင့်ဘာပူပန်မှုမှမရှိဘဲ
ကူးတို့သားအဖလည်း အေးဆေးနေနိုင်ခဲ့သည်။

မောင်ကတော့ကူးလိုအပ်တာတွေ မျိုးစေ့လေးရဲ့
လိုအပ်တာကိုလည်း သူကိုယ်တိုင်ပဲဖြည့်ဆည်း
ပေးတာ။မောင်က သူလိုတာဖြည့်ပေးပြီးရင်မှ
'ကလေးလေး'လို့ခေါ်မိရင်လူလည်ကျပါသည်။
အပြစ်မြင်ရက်ဘူး။မောင်ကတအားချစ်ဖို့ကောင်း
တာ။

အခုတော့ ထယ်ယောင်းနဲ့ကူးလေးကသားကို
အိမ်တော်ကလူကြီးတွေနဲ့ထားခဲ့ရင်း ညဘက်
ကားမောင်းသင်နေတာဖြစ်သည်။နေ့လည်ဘက်
သားကအမြဲနိုးတာမို့ အမြဲကူးကိုကပ်နေတက်လို့
မသင်ဖြစ်တာ။ညဘက်ကတော့ကူးနဲ့ထယ်ယောင်း
လွတ်လပ်နေလို့ထွက်ဖြစ်ကြတာ။

" အသက်...ဖြည်းဖြည်းလေးနဲ့အရှိန်ကိုလျှော့။
မောင်ဒီဘက်ကိုကြည့်ပေးထားတယ်။ "

ကျွီ ~

ထယ်ယောင်းသင်ပေးတဲ့အတိုင်း ကူးကိုစည်းစနစ်ကျကျလိုက်မောင်းတာမို့ ကူးလည်းကားမောင်း
တက်နေပြီဖြစ်သည်။ဒါကြောင့် ညဘက်မဟုတ်ရင်
မနက်တောင်မောင်က အစမ်းလိုက်မောင်းသင်ပေး
သည်။

ထယ်ယောင်းက လမ်းမထဲမှတစ်ဆင့်လမ်းကြား
ဘက်ကိုချိုးခိုင်းပြီးရပ်စေသည်။ကူးလည်း
သက်ပြင်းယဲ့ယဲ့ချလိုက်တော့မှ ထယ်ယောင်းက
ကူးရဲ့ပါးဖောင်းလေးကိုနမ်းပြီး ပြောသည်။

" မောင်အသက်ကတော်လိုက်တာကွာ။မောင်တို့
အိမ်ပြန်ရအောင်။မောင်ကားမောင်းမယ်။
ဒီဘက်ကို---အသက်... "

ထယ်ယောင်းကပြောရင်း မောင်းသူနေရာပြောင်းရန်ကားထဲကထွက်ဖို့ကူးဘက်စကားလှည့်လိုက်
ပေမဲ့ ကူးကထယ်ယောင်းအပေါ်ခွထိုင်လိုက်ရင်း
ကြယ်သီးသုံးလုံးချွတ်ထားသည့် ထယ်ယောင်းရဲ့
ရင်အုပ်ကိုပွတ်သပ်ရင်း စကားပြောသည်။

" ဒီလောက်အထိအခွင့်အရေးရနေတာတောင်
ကလေးလေးကအိမ်ပြန်ဖို့တွေးသေးတာလား။
ကလေးလေး...ငါတို့စိတ်ဝင်စားစရာတစ်ခုခု
လုပ်ကြမလားဟင်... "

Between The Hate [ Completed ]Where stories live. Discover now