18

688 90 182
                                    

#zawgyi

မနက်ရောက်တော့ ကူးတစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းတွေနဲ့ နိုးထလာခဲ့ရသည်။ကူးလေး
ဖြည်းဖြည်းချင်းထတော့ ခါးနာသည့်ဝေဒနာရယ်
တင်ပါးနေရာကနာကျင်မှုကြောင့် ကူးလေးက
အတော့်ကိုညည်းညူမိလေ၏။

" အား...တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ..အင့်...
ဟင်...ငါတစ်ကိုယ်လုံးဘာတွေလဲ... "

ဘေးမှာထယ်ယောင်းရှိနေတာကိုမသိဘဲ နာကျင်
ကိုက်ခဲနေသည့်ဟု ညည်းညူနေသည့်ကူးလေးက
ကိုယ်ပေါ်မှအဝတ်အစားတွေမရှိဘဲ ခရမ်းပုတ်
ရောင်ကွက်တွေရှိတာကိုတွေ့မှ သတိထားမိတော့သည်။

ကူးတစ်ကိုယ်လုံးအဝတ်အစားမရှိတာကို တွေးမိရင်းဘေးဘီဘက်ကိုကြည့်လိုက်တော့ အသက်ရှု
သံခပ်ပြင်းပြင်းကိုကြားလိုက်ရသည်။စောင်ကို
တစ်ကိုယ်လုံးလုံအောင်ခြုံအိပ်နေသည့်ဘေးလူက
ကင်မ်ထယ်ယောင်းထင်သည်။ကူးညက သူ့ကို
လိုက်ရှာနေခဲ့တာ။မဟုတ်လောက်ဘူးမလား။

" ဟင့်အင်း...ငါမဟုတ်လောက်ဘူးမလား "

ကူး ညကအကြောင်းတွေတွေးမိလိုက်သည်မို့
ခေါင်းအသွင်သွင်ခါရင်း မဟုတ်ကြောင်းငြင်း
နေမိသည်။ညက ရှန်ပိန်စစသောက်ချင်းမှဖြစ်
သွားတဲ့နောက်ဆက်တွဲက ကူးလေးအတွက်တော့
တကယ်အဆိုးဆုံးဖြစ်သည်။

" အင့်...ကင်မ်ထယ်ယောင်း... "

မဟုတ်လောက်ပါဘူးအထင်နဲ့ ကူးစောင်ကိုလှန်
ကြည့်တော့ မှောက်ရက်အိပ်နေသည့်ကင်မ်ထယ်
ယောင်းက အတော့်ကိုပင်ပန်းနေပုံမို့ အတော်
အိပ်မောကျနေသည်။

အတွေးတွေပြန်ခေါ်ရင်း သူအတည်မှတ်မိတာက
ကူးက ထယ်ယောင်းကိုတောင်းဆိုမိသွားတာ။
ကူးအဆင်မပြေဖြစ်ရင်းမှ ကင်မ်ထယ်ယောင်းနဲ့
ဒီလောက်ထိဖြစ်ပျက်သွားခဲ့တာဖြစ်မည်။

" မဟုတ်ဘူးလေ၊ငါ...ငါက ဂယူ့ကိုသိပ်ချစ်တာ၊
ဟင့်...ကင်မ်ထယ်ယောင်းကိုမဟုတ်ဘူးလေ... "

ကူးကတုန်ရီစွာဖြင့် ကြမ်းပြင်ပေါ်ကျနေသည့်
သူ့အင်္ကျီကိုကောက်ရင်း ဖုန်းကိုထုတ်ကြည့်တော့
မေမေက ဖုန်းခေါ်ထားတာအများကြီးဖြစ်သည်။

Between The Hate [ Completed ]Onde as histórias ganham vida. Descobre agora