14

582 88 151
                                    

#zawgyi

နေ့လယ်စာစားချိန်ရောက်သည်အထိကို ကူးလေးနဲ့
ထယ်ယောင်းက မထသေးပါ။ထယ်ယောင်းကတော့သူ့ကိုကိုအလှလေး လွတ်ထွက်သွားမည့်အလားပင်တင်းကြပ်နေအောင်သာဖက်ထားပေးသည်။

အတန်ကြာတော့ဖက်အိပ်နေရင်းမှ ကူးလေးရှိက
ဖုန်းမြည်လာတာမို့ ကူးမှာအသည်းအသန်ထကာ
ဖုန်းကိုင်လိုက်ရသည်။တစ်ဖက်ကဖုန်းခေါ်ရင်းမှ
ကြားလိုက်ရသည်က ဂယူ့ရဲ့အသံအေးအေး။

' ကူး...နေ့လယ်စာစားချိန်ရောက်ပြီ၊ကိုယ် အပြင်နားမှာစောင့်နေတယ် '

ကူးဖုန်းနားထောင်ရင်း ကင်မ်ထယ်ယောင်းလက်က
နာရီကိုကြည့်လိုက်တော နေ့လယ်၁၂ကျော်ပြီဖြစ်၏။ဒီနေ့မနက်ထည်းက ဂယူနဲ့အတူ နေ့လယ်စာစားမည်လို့ ကတိပေးထားသည်မို့။

" အင်း...ကူးထွက်လာခဲ့မယ်နော် ဂယူ... "

ကူးက ဂယူစောင့်နေရမည်ဆိုးသဖြင့်
ထယ်ယောင်းလက်ကိုဖယ်ကာ ထရပ်ဖို့လုပ်တော့ သူကနိုးလာပြီးသူ့ကိုကိုအလှလေးကို ပိုဆွဲဖက်ထားပါသည်။

" ကိုကိုအလှလေး မအိပ်--- အွတ် "

' ကူးဘေးက ဘာအသံလဲ... '

ထယ်ယောင်းက အိပ်ချင်မူးတူးဖြင့်အသံပေးလာလို့ကူးလေးမှာ ထယ်ယောင်းရဲ့ပါးစပ်ကိုပိတ်လိုက်ရ၏။သည်တော့ထယ်ယောင်းက ကူးလေးရဲ့လက်ဖြူလေးကြောင့် သူဆက်မပြောတော့ဘဲ ခါးသေးလေးကိုတောင်ဖက်ပြီး ငြိမ်နေသေးတာ။

" ဘာမှမဟုတ်ပါဘူး၊ကူး...ထွက်လာခဲ့ပါ့မယ်၊
ဂယူစောင့်နေနော်... "

ထယ်ယောင်းအသံတိတ်သွားရော ကူးလေးမှာ
သူ့ဂယူကိုသေချာရှင်းပြပေးနေသည်။ဂယူကတော့
အသံကိုသေချာမကြားလိုက်ရတာမို့ ဘယ်သူရှိနေ
လဲဆိုတာ မသိလိုက်ရဘူး။ဒါကြောင့်မို့ ကူးကိုလည်းယုံကြည်သွားတာ။

' ဟုတ်ပြီ ကိုယ်စောင့်နေမယ် '

တီ~

ဂယူ့ဘက်ကဖုန်းချသွားတော့မှ ကူးမှာသက်ပြင်းရှည်ချကာ ထယ်ယောင်းပါးစပ်ကိုပိတ်ထားသည့်ကူးရဲ့လက်ကိုဖယ်ချလိုက်တော့သည်။

" ကင်မ်ထယ်ယောင်း နောက်ဆိုဂယူ့ရှေ့မှာဖြစ်ဖြစ်
ဂယူ့နဲ့ဖုန်းပြောနေရင်တောင် မနှောက်ယှက်ပါနဲ့၊
ပြီးတော့ ဒီလိုမျိုးအသားယူတဲ့အထိငါ့ကို အတင်း
မလုပ်မိပါစေနဲ့ ကင်မ်ထယ်ယောင်း "

Between The Hate [ Completed ]Where stories live. Discover now