22

722 89 221
                                    

#zawgyi

" မြေး မင်းလည်းအသားကင်ကြိုက်တယ်မလား၊
စားဦးလေကွာ၊ကင်ပဲကင်မနေနဲ့... "

အဖိုးကသူတို့နဲ့အတူအကင်ဝင်ကင်ပေးနေသည့်
ထယ်ယောင်းကို အတင်းခွံ့ကျွေးနေသည်။
ထယ်ယောင်းက သူ့ကိုကိုအလှလေးအတွက်ဆိုပြီးမစားဘဲ ခေါင်းခါလိုက်သည်။

" ကိုကိုအလှလေးနဲ့မျိုးစေ့လေးက ဗိုက်ဆာနေတာ၊
ကျွန်တော်ဒါတွေစားဖို့မသင့်ဘူး၊ကိုကိုအလှလေးပဲ
စားပါစေဗျာ... "

ထယ်ယောင်းစကားကြောင့် အဖိုးကရယ်လိုက်ပြီး
အသားကိုအရသာမှုန့်နယ်နေ၏။ထယ်ယောင်းက
အဖိုးအရသာမှုန့်နယ်ပြီးသားတွေကို ယူရင်းဒယ်ဒီ့
အနားကိုသွားတော့ ဒယ်ဒီကရယ်ကြဲကြဲဆိုသည်။

" မင်းအခုထည်းက စားထားရင်စားထားနော်၊ငါတို့
သားအဖက မင်းအတွက်ဝယ်ပေး၊ကင်ပေးနေတာ
မဟုတ်ဘူး၊ငါတို့အဖိုးတန်လေးအတွက်ပဲ.. "

ဒယ်ဒီက အသားကင်နေရင်း ဝက်သုံးထပ်သားကို
အတုံးလေးတွေဖြစ်အောင်ညှပ်ကာ ပန်းကန်ထဲ
ခွဲထည့်ပေးရင်းပြောသည်။ထယ်ယောင်းရယ်ပြီး
သူ့ဒယ်ဒီအနားတိုးကာ ခပ်တိုးတိုးလေးပြော၏။

" အဲ့အဖိုးတန်လေးဗိုက်ထဲကမျိုးစေ့လေးကတော့ ကျွန်တော့်ကလေးပါ၊အဲ့တော့ မျိုးစေ့လေးရောက်
အောင်လုပ်ပေးတဲ့ ကျွန်တော့်ကိုကျေးဇူးတင်သင့်
တယ်မလား၊အာ...မေ့နေတာ၊အဖိုး..ဒယ်ဒီက
မေမေ့ကိုသာခိုးပြေးတာ အတူမနေခဲ့ရဘူးမလား၊
သနားပါတယ်၊ဒါကြောင့် ကျွန့်တော့်ကိုနောက်ကျမှ
ရတာကို... ဟားဟား... "

ထယ်ယောင်းက ရွတ်နောက်နောက်စကားဆိုရင်း
သူ့အဖေ၏အရင်ကအကြောင်းတွေပါ ဆိုတော့
ထယ်ယောင်းအဖေက ကန်ထုတ်နေရင်းပြော၏။
တကယ့်သားအဖတွေ ချစ်စရာကောင်းသည်။

" ဟေ့ကောင်!မင်းနော်!ကလေးအဖေက
ပြောင်စပ်စပ်မလုပ်နေသင့်ဘူး "

ထယ်ယောင်းအဖေက အရင်အကြောင်းတွေကို
ပြန်ကြားလိုက်ရတာကြောင့် ထယ်ယောင်းကို
ကန်ထုတ်သည်။ထယ်ယောင်းကတော့ရယ်ရင်း
သူ့အဖိုးဘက်ကိုရှောင်သည်။အဖိုးကတော့
ကြားကနေ ဒယ်ဒီ့ကိုထပ်စသေးသည်။

Between The Hate [ Completed ]Where stories live. Discover now