03

1K 132 217
                                    

#Zawgyi

အလှလေးနဲ့တွေ့ပြီးနောက် အိမ်ကိုသာ
တန်းတန်းမတ်မတ်ရောက်လာခဲ့သည်။
အိမ်သို့ရောက်လို့ ကားကိုသေချာရပ်ကာ
အလှလေးရဲ့ထမင်းဘူးလေးကို ရင်ခွင်ထဲ
ပိုက်ကာ ပြုံးပြုံးကြီးဝင်လာခဲ့သည်။

" သား မင်းဘယ်တွေလျှောက်သွားနေတာ
လဲ၊ဒယ်ဒီတို့မင်းကို ရှာနေတာ "

လက်ထဲကသတင်းစာကိုချကာ သူ့သားကိုတစ်ချက်ကြည့်ရင်း ဆိုတယ်။

" ကျွန်တော်ဆံပင်သွားပြောင်းတာ၊မနက်ဖြန်
အတွက်မပူပါနဲ့၊ကျွန်တော်အကုန်ပြင်ဆင်
ထားတာမို့ ဒယ်ဒီ့ရဲ့သားအဖြစ်ကိုမနက်ကြ ထုတ်ပြလို့ရပါပြီ "

ထယ်ယောင်းအပြောကြောင့် မစ္စတာကင်မ်
ပြုံးကာ ခေါင်းညိမ့်နေတယ်။သူ့သားက
အသက်ကသာငယ်သေးတာ။အရာရာ
တွေးတက်လွန်းပြီး တော်တယ်။
ငယ်ငယ်ထည်းက သူ့မှာသားရှိတယ့်လို့သာ
ဖော်ပြထားရတာ။သူ့သားရဲ့ပုံစံက
ဘယ်ပုံစံရှိတယ်ကအစ ပြောပြတာမဟုတ်။
အခုများသာထုတ်ပြလိုက်ရင် သားကိုသမက်
တော်ဖို့သူတွေရှိလာလိမ့်မည်။

မစ္စတာကင်မ်ခေါင်းညိမ့်ရင်း တွေ့သွားတာက သူ့သားလက်ထဲက ထမင်းဘူး။သိချင်လို့ မေးလိုက်မိတယ်။

" သားလက်ထဲက ဘယ်ကလေးရှိက
ထမင်းဘူးလဲ၊ဘယ်ကလေးအတွက်များ
သားကဝယ်လာတာလဲ "

သူအပေါ်တက်ဖို့ရှိသေး ဒယ်ဒီ့အမေးကြောင့်
လက်ထဲကထမင်းဘူးကို ငုံ့ကြည့်လို့ပြုံးကာ
ဒယ်ဒီ့ကိုပြန်ကြည့်လို့ဖြေလိုက်သည်။

" ကလေးကြီးလေးတစ်ယောက်ရဲ့ ထမင်းဘူးလေးလေ၊ပြုတ်ကျကျန်ခဲ့လို့
ဒီယုန်ထမင်းဘူးလေးကိုသိမ်းလာတာ "

" သားကဒီထမင်းဘူးကို ဘာလုပ်မို့လဲ "

ထယ်ယောင်းအပြောကြောင့် ဒယ်ဒီက
မျက်ခုံးပင့်လိုက်ကာ ထပ်မေးတယ်။
မနက်ကပင် မိဘတွေနဲ့စိတ်ဆိုးပြီး
ခြေဦးတည်ရာလျှောက်သွားတဲ့သူက
အခုကြ ပြုံးပြုံးကြီးနဲ့ပြန်ရောက်လာလို့
အံ့အားသင့်ကာ မေးလိုက်သည်လေ။

ထိုသည်ကိုထယ်ယောင်းက ပြုံးကာ

" ကျွန်တော်အပေါ်တက်တော့မယ်၊
ပြီးရင်နမ်ဂျွန်တို့နဲ့ ညဘက်ချိန်းထားတယ် "

Between The Hate [ Completed ]Where stories live. Discover now