17

890 88 214
                                    

#zawgyi

ထယ်ယောင်း သည်နေ့တော့ကိုကိုအလှလေးနဲ့
အလုပ်အတူတူပြန်သွားရမှာမို့ အပျော်လွန်ကာ
မနက်စောစောထပြီး ရေချိုးသည်။ပြီးနောက်
အဝတ်လဲခန်းအကျယ်ကြီး၌ အသင့်ရှိသည့်
Formal suitဝတ်တာဖြစ်သည်။

မှန်ကိုကြည့်လိုက်တော့ Suitအပြည့်ဖြင့်ခန့်ညား
နေသည့်ကင်မ်ထယ်ယောင်းကိုတွေ့ရသည်။
ဆံပင်အတွက် ဂျယ်အနည်းငယ်ထည့်ရင်း
သပ်တင်လိုက်တော့ ရွှေရောင်ဆံပင်ဖြင့်
လူကြီးလူကောင်းတော့မဆန်ပေမဲ့လည်းနိုင်ငံခြားသားတစ်ယောက်လို ဖြစ်သွားသည်။

အကုန်ပြင်ဆင်ပြီးသည်မို့ ပြင်သစ်ကဧည့်သည်ကို လေဆိပ်သွားကြိုရမည်ဖြစ်တာကြောင့် အပြန်ရော
အသွားကိုပါ ယောင်းဝူကိုလိုက်ပို့ခိုင်းမည်ဖြစ်၏။
ဒါကြောင့် ဖုန်းကိုထုတ်ကာယောင်းဝူကိုဖုန်းခေါ်ရ
တော့သည်။

' ဟုတ်ကဲ့ဆရာ...ကျွန်တော်ဆရာ့အပိုင်အိမ်မှာပါ '

တစ်ဖက်ကဖုန်းသံကြားရရော မနက်ထည်းကပင်
ကိုကိုအလှလေးအိမ်ရှေ့ထိ သွားစောင့်ခိုင်းထား
တာဖြစ်သည်။ကိုကိုအလှလေး ဘက်စ်ကားတိုး
စီးရမဲ့အလုပ်ကိုတော့ သူသဘောမတွေ့ဘူး။
ဒါကြောင့်စောစောထွက်လာရင်လည်း သွားစောင့်
ခေါ်ထားဖို့အတွက်သာဖြစ်၏။

" ကိုကိုအလှလေးထွက်လာပြီလား၊သေချာကြည့်
ထားဦး၊မထွက်သေးရင် ငါ့ကိုအရင်လာခေါ်လိုက်၊
ငါက ကိုကိုအလှလေးကိုဖုန်းဆက်စာပို့ထားမယ် "

' ဟုတ်ကဲ့..ပန်းစည်းလည်းဝယ်ထားပါတယ် '

" အင်း...ဒါပဲ... "

တီ ~

ထယ်ယောင်းက ယောင်းဝူနဲ့ဖုန်းပြောပြီးနောက်
ဖုန်းချလိုက်သည်။ဖုန်းချပြီးနောက် ဖုန်းမျက်နှာ
ပြင်ပေါ်မှာနေရာယူထားသည့် ကိုကိုအလှလေးရဲ့
ရယ်ပြုံးနေသည့်ဓာတ်ပုံကိုနမ်းကာ အောက်သို့
ဆင်းလာခဲ့သည်။မဆင်းလာခင်တော့ ကိုကိုအလှလေးကိုသူလာခေါ်မည်ဆိုသည့် မက်ဆေခ်ျပို့တော့
'အင်း'ဆိုသည့်စာလေးပြန်ပို့သည်။

" အင်း...မေမေ့သားလေး တစ်ကိုယ်လုံးပြင်ဆင်
ထားတော့ ဘယ်သူနဲ့သွားတွေ့မလို့လဲကွယ်၊
ဒါမှမဟုတ် အခန်းထဲကပိုင်ရှင်လှလှလေးနဲ့လား "

Between The Hate [ Completed ]Where stories live. Discover now