အပိုင်း (၂)

1.4K 141 2
                                    

Unicode

အပိုင်း (၂)

ကျိုးယွင်ရှန့်က ဒီတစ်ကြိမ် သူ့ဒဏ်ရာတွေ ပြန်ကောင်းလာဖို့ ဆယ်ရက်ကျော်ကြာသွားခဲ့သည်။ ဒီကြားထဲမှာ အိုးရန်ယာ့အာက သူ့ထံကို အကြိမ်ရေအချို့လာခဲ့ပေမယ့် အနားတော့မကပ်တော့ဘူး။ အဝေးကနေပဲ တမေ့တမော ငေးကြည့်တော့တယ်။ သူမက သူမအမေလိုပဲ ပါးပါးနပ်နပ်ရှိတယ်။ ဒါကြောင့် အိုးရန်မင်ယွဲ့သဘောထားကို မမြင်ဘဲ နေရမှာလဲ။ မင်ယွဲ့က ကျေးလက်မှာ ကြီးပြင်းလာပြီး ဒီမိသားစုကို မုန်းနေတယ်ဆိုတာ သူမ သိတယ်။ မြေခွေးလေးက မင်ယွဲ့အပိုင်။ ဒါကြောင့် သူမသာ အတင်းအကျပ်လုယူမယ်ဆိုရင် အိုးရန်မင်ယွဲ့က အလောင်းကောင်အပြင် ပေးရုံမရှိဘူးဆိုတာ သိလေတယ်။ ဒါဆို ဘာလုပ်တော့မှာလဲ။

နေ့တိုင်းနေ့တိုင်း ညီအစ်မနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဒုက္ခရောက်အောင် တိတ်တိတ်လေးလုပ်ရင်း စမ်းသပ်ကြလေတယ်။ ဒါနဲ့ပဲ ပန်းပေါင်းတစ်ရာ ပွဲတော်နေ့ ရောက်လာရော။ သမီးအကြီး အိုးရန်မင်ယွဲ့က ကျေးလက်မှာ နေခဲ့တာဆိုတော့ မြို့တော်မှာ သူမမျက်နှာကိုသိသူ တစ်ယောက်မှမရှိဘူး။ ဒါကြောင့်သူမက နာမည်ကျော်ဇောအောင်၊ နေရာတစ်နေရာရအောင် ဒီအခွင့်အရေးကို အသုံးချဖို့လိုတယ်။

သူမက မျက်နှာအသွင်အပြင် နူးညံ့ပြီး မိန်းမဆန်အောင် သေချာလေးပြင်ဆင်တယ်။ လှပပြီး အနားတွန့်ပါတဲ့ စကပ်ကိုဝတ်ဆင်ထားပြီး အပေါ်မှာ ဘရိုကိတ်ဖဲဝတ်ရုံကို ခြုံထားတယ်။ ပြီးတော့ ခေါင်းပေါ်မှာ အနီရောင် ကျောက်စီဆံညှပ်ကိုလည်း တပ်ထားပါသေးတယ်။ အထူးသဖြင့် သူမလက်ထဲမှာ ပွေ့ထားတဲ့ နှင်းမြေခွေးသေးသေးလေးကြောင့် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ အကောင်ပေါက်လေးရဲ့ ရွှေရောင်မျက်ဝန်းလဲ့လဲ့တွေက ဘယ်ကြည့်ညာကြည့် လုပ်နေတယ်။ မြေခွေးလေးက ဉာဏ်ရှိပြီး ချစ်ဖို့ကောင်းတဲ့ပုံလေး ပေါက်နေတာပေါ့။ မိန်းမပျိုက လှပတယ်။ သူမတရိစ္ဆာန်လေးကလည်း လှတာပဲ။ မြင်ကွင်းကတော့ ကောင်းကင်ဘုံက နတ်သမီးလေး နတ်သက်ကြွေလာသလိုပါပဲ။

ဒီနေ့ပန်းပွဲတော်ရဲ့ အဓိကလူက မယ်တော်ကြီးရှု ဖြစ်တယ်။ ( T/n ယခင်ဧကရာဇ်၏မိဖုရား) သူမက အိုးရန်မင်ယွဲ့ကို အဝေးလှမ်းမြင်ရုံရှိသေး။ ချက်ချင်း သဘောကျသွားတော့တာပဲ။ မင်ယွဲ့ကို သူမအနားခေါ်လာခဲ့ဖို့ သူမလူတွေကို အမိန့်ပေးလိုက်ရင်း အိုးရန်ကတော်နဲ့ အိုးရန်ယာ့အာကို လုံးလုံးလျစ်လျူရှုထားတော့တယ်။ သားအမိနှစ်ယောက်ကတော့ အရှက်ရသွားလေရဲ့။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Wo Geschichten leben. Entdecke jetzt