အပိုင်း (၁၀)

1.4K 145 5
                                    

အပိုင်း (၁၀)

ရှစ်ကျန့်ဝမ် ခန်းမဆောင်ထဲ လူလုံးမပြခင်အထိ ကျောက်ကျန်းကျုံးနဲ့ ကျန်းချီက ဆယ့်ငါးမိနစ်လောက် ထိုင်စောင့်လိုက်ရတယ်။ သူ့အသားအရေက ဒဏ်ရာရထားလို့ သိပ်တော့ကောင်းမနေဘူး။ သူက ဧကရာဇ်ကိုတွေ့တော့ ဒူးမထောက်ဘဲ လက်နှစ်ဖက်ကို ဆုပ်ပြီးသာ အရိုအသေပေးလိုက်တယ်။ "အိမ်တော်ထဲမှာ အရေးတကြီး ဆောင်ရွက်စရာ ကိစ္စလေး ရှိနေလို့ပါ၊ အရှင်မင်းကြီးနဲ့ ပုရောဟိတ်ကြီးကို စောင့်ခိုင်းရတာ အားနာပါတယ်"

ဘာမှအရေးမကြီးသလို ခပ်တည်တည်လုပ်နေတဲ့ သူ့ကို မြင်တော့ ကျောက်ကျန်းကျုံးက သွားတွေကြိတ်မိတဲ့အထိ ဒေါသထွက်လာရော။ ဒါပေမယ့် သူက မျက်နှာပေါ် ဘာမှ မပြဘဲ လက်တွေကို ဝှေ့ယမ်းပြီး ပြောလိုက်တယ် "မလိုဘူး၊ မလိုဘူး၊ ဦးရီးတော် လုပ်ကြံခံရပြီး ဒဏ်ရာရသွားတယ်ကြားလို့ ငါကိုယ်တော်နဲ့ ပုရောဟိတ်ကြီးက သတင်းလာမေးတာပါ၊ ဦးရီးတော်.. အခု ဘယ်လိုနေသေးလဲ"

"အပြင်ပန်း ဒဏ်ရာအသေးစားလေးပါ၊ ကောင်းသွားပါပြီ" ကျောက်ရွှမ်က ဧကရာဇ်ထိုင်ခုံရဲ့ အောက်ဖက် တစ်ဆင့်နိမ့်တဲ့ထိုင်ခုံမှာ ထိုင်လိုက်ပြီး မြို့တော်တွင်းက အခြေအနေတွေနဲ့ ဆောင်ရွက်ချက်တွေကို ဆွေးနွေးနေတယ်။ နှစ်ယောက်လုံးက နိုင်ငံရေးအခြေအနေတွေကို သွေးတိုးစမ်းပြောရင်း တစ်ယောက်နဲ့တစ်ယောက် ပညာသားပါပါ ထေ့ငေါ့နေကြတယ်။ သူရဲ့ အရှိန်အဝါတွေက ငယ်ရွယ်တဲ့ ဧကရာဇ်ကို ဇောချွေးပြန်လာစေတယ်။ သူတို့က ပုရောဟိတ်ရှိတယ်ဆိုတာကိုလည်း မမေ့ထားပါဘူး။ တစ်ယောက်က အကူအညီတောင်းတဲ့ မျက်ဝန်းတွေနဲ့ ဖြစ်နေပေမယ့် နောက်တစ်ယောက်ကတော့ သံသယတွေနဲ့ ပြည့်နေတယ်။

နန်းတွင်းပုရောဟိတ်က လက်ဖက်ရည်ပန်းကန်လုံးပူပူကို ကိုင်ထားရင်း လက်ထဲမှာ လှည့်နေတယ်။ အငွေ့တွေက ထွက်လာပြီး သူ့မျက်လုံးက အမူအရာတွေကို ဖုံးအုပ်ထားလေတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ အနေအထားတစ်ခုမှာ ပုရောဟိတ်က အင်္ကျီလက်ရှည်ဖါးဖါးကြီးအောက်က လက်ဖဝါးပေါ်မှာ မီးတောက်လေးကို လျှို့ဝှက်စွာ ထွန်းညှိလိုက်တယ်။ အနားရှစ်ဖက်သဏ္ဍာန်ရှိတဲ့ ယင်-ယန် အစီအရင်တစ်ခုက မီးတောက်ထဲက ထွက်ပေါ်လာလေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Onde histórias criam vida. Descubra agora